Part 1 (Unicode)

568 20 0
                                    

ဆောင်းလေတဖြူးဖြူးနဲ့အေးချမ်းလှတဲ့ညနေခင်းမှာ 'သောကရှင်း'ဆိုတဲ့ ဆယ်နှစ်သားအရွယ်ကောင်လေးနဲ့အိမ်အလုပ်သမား ဦးမောင်ငယ်တို့နှစ်ဦး စံအိမ်ကြီးရဲ့အနောက်ဘက်က ချောင်းငယ်လေးဆီ ဦးတည်လို့ လှေလှော်ရန်ထွက်လာခဲ့ကြသည်။

ဦးမောင်ငယ်က လှေလှော်ရင်း သောကရှင်းကို သီချင်းများညည်းဆိုပြကာ ချောင်းတစ်လျှောက် လှေလှော်ခဲ့ကြသည်။တစ်နေရာအရောက် ပျဉ်းမပင်ကြီးအောက်က ကလေးငိုသံကြားလ်ိုက်ရသဖြင့် သီဆိုသံလည်း တိတ်ကျသွားတော့သည်။

သစ်ကိုင်းက ချောင်းဘက်ကိုင်းညွတ်နေတာကြောင့် ရုတ်တရက်မတွေ့ရ။ နွန်ချားချောင်းဘေးတွင် အိမ်ဆိုလို့ မည်မျှမှမရှိတာကြောင့် ဦးမောင်ငယ် သောကရှင်းကို "ရှူး တိုးတိုး"ဆိုပြီး ကလေးငိုသံကိုသာ နားစွင့်နေလိုက်၏။

ထိုစဉ် ချုံထဲက လှုပ်လှုပ်လှုပ်လှုပ်နှင့် ထွက်လာသော အရာကြောင့် ဦးမောင်ငယ် ကမ်းနားကပ်လှော်လိုက်သည်။တွေ့လိုက်ရသည်က ကော်စလုံအကြီးကြီးထဲတွင် မျက်နှာတစ်ခုလုံးနီရဲပြီး ငိုနေတဲ့ကလေးလေး။ဦးငယ် ကလေးနားအမြန်လှော်ပြီး ဆယ်ယူလိုက်ကာ ရှင်းလေးကိုသေချာပြသည်။

"ဘာလေးလဲ ဦးငယ်"

"မိန်းကလေး လူလေးရဲ့"

သောကရှင်း ကလေးလေးကို ဦးငယ်လက်က တဆင့်ချီယူရင်း ပြုံးလိုက်သည်။ကလေးကိုမြင်မြင်ချင်း သူချစ်သွားမိ၍ ကောက်ခါငင်ကာပင် နမ်းလိုက်မိသည်။

"ဦးငယ် ရှင်းတို့ ကလေးကိုခေါ်သွားမယ်"

ဦးငယ် ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။အပြစ်မဲ့တဲ့ မွေးကင်းစ ကလေးလေးကို ဘယ်လိုနှလုံးသားနဲ့များ လွင့်ပစ်ရက်ကြပါလိမ့်။

လှေကို ဆိပ်ကိုပြန်လှော်ပြီး ဦးဆိုက်လိုက်သည်။ ရှင်းလေးက ကလေးကိုပွေ့၍ အရှေ့ကသွားသည်။ဦးမောင်ငယ်လှေကြိုးချည်ပြီး အမြန်ပြေးလိုက်သွားရသည်။

"ဦးငယ် အရုပ်လေးက ချစ်စရာလေးနော်"

"ဟေ အရုပ်မဟုတ်ပါဘူး လူလေးရ လူမိန်းကလေးပါ"

"မသိဘူး ရှင်းအတွက်တော့ အရုပ်လေးပဲ "

"အဟင်း ဒါနဲ့ ဦးမင်းငယ်ကလက်ခံပါ့မလား လူလေး"

မင်းရဲ့ပိုင်ရှင်Where stories live. Discover now