Part 4 (Unicode)

147 6 0
                                    

ရှင်း လွယ်အိတ်လေး လက်ဆောင်ပေးလိုက်လို့ ပျော်နေသည့် ပန်းရုံကို စိုက်ကြည့်လိုက်ရင်း....

"အရုပ်လေးက ပန်းရုံကလစ်ကိုခိုးတယ်ဆို ဟုတ်လား"

"ရှင်"

ပျော်နေလို့ ပြုံးရယ်နေတဲ့မျက်နှာကကွက်ခနဲပျက်သွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သောကရှင်းမေးတာကို မဖြေပဲ ခေါင်းကိုစောင်းထားပြီး တစ်ဖက်လှည့်ကြည့်နေသည်။

"အရုပ်လေးကို ဆုံးမလိုက်ပါ့မယ် နောက်မဖြစ်စေရပါဘူး"

"ကိုကို ရုံ...."

ပန်းရုံမျက်နှာ မဖော်ဝံ့ဘဲ ခေါင်းငုံ့ထားသည်။သူမ သူ့ကိုမလိမ်ညာရဲပဲ ကြောက်နေသည်။ဒါပေမယ့် ဘာလို့မပြောရဲဘဲဖြစ်နေတာပါလိမ့်။

"နောက်တစ်ခါဒီလိုထပ်မဖြစ်ပါစေနဲ့ ဒါနောက်ဆုံးဖြစ်ပါစေ အရုပ်လေးက်ို ပြဿနာထပ်ရှာရင် ခွင့်မလွှတ်ဘူးနော်"

"ဟုတ် ဟုတ်ကဲ့ ရုံ..."

သူပြောပြီးလှည့်ထွက်သွားသည်။ အရုပ်လေးက သူ့လက်ပေါ်မှာတင် ကြီးပြင်းလာသူမို့ ဒီလို အကျင့်စရိုက်မျိုးမရှိမှန်း သူသိသည်။ သူမရှိတုန်း အရုပ်လေးကို အနိုင်ကျင့်ကြတယ်ပေါ့...။

ရုံ ခေါင်းငုံ့ထားမြဲငုံ့ထားသည်။ လက်ကတော့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ့ကို ကိုကိုဆူတာ အရုပ်လေးကြောင့်။ အရုပ်လေး ကိုကို့ကို တိုင်ပြောလိုက်လို့ အခုလို ဖြစ်ရတာ၊ သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့လေ။ ဟိုတစ်ခါ ကျောင်းမှာ အပြစ်ခံရတာ ကြာပြီဆိုတော့ မေ့သွားပြီပေါ့။ ဒါဆိုလည်း ပန်းရုံ အကြောင်းပြရသေးတာပေါ့လေ။

ရှင်း အရုပ်လေး အခန်းဆီသို့ ဦးတည်လျှောက်လာခဲ့ပြီး တံခါးက ခပ်ဟဟ ပွင့်နေသဖြင့် တွန်းဝင်သွားလိုက်၏။

"အရုပ်လေး ဟင် အခန်းထဲမှာလည်းမရှိဘူး ဘယ်သွားပါလိမ့်"

ထို့နောက် ပြန်ထွက်လာပြီး အခန်းတံခါးကို ပြန်ပိတ်လိုက်ကာ မီးဖိုချောင်မှာများ ရှိလေမလား စိတ်ထင်ဖြင့် လျှောက်လာခဲ့စဥ်...

📲"တီ တီ တီ..."📲

"ဟယ်လို "

"ကိုရှင်း မင်းအမြန်ပြန်လာခဲ့တော့ ဆရာက မင်း ဒီကျောင်းသားဟောင်းမိတ်ဆုံစားပွဲမှာ သီချင်းဆိုရမယ်တဲ့ အဲ့ဒါမင်းပြန်လာမှဖြစ်မှာ ပြောသားပဲ မပြန်ပါနဲ့ဉ်ီိးဆို "

မင်းရဲ့ပိုင်ရှင်Where stories live. Discover now