Part 14 (Unicode)

119 6 0
                                    

"လက်ကအပူလောင်တာလား"

"အမှတ်ပါကိုဘုန်းရဲ့ လက်စွပ်လေးကလှတယ်နော် ကျေးဇူးပဲ"

အရုပ်လေး ကိုဘုန်းလက်ဆောင်ပေးသည့် ရွှေလက်စွပ်လေးကို လက်ခလယ်မှာစွပ်လိုက်ပြီး သဘောတကျ ပြန်ပြန်ကြည့်နေမိပါ၏။ လက်စွပ်လေးရဲ့ အလယ်မှာ ကျောက်ဖြူလေးမြှုပ်ထားသေး၏။

"လက်စွပ်လေးက လှတာမဟုတ်ပါဘူး အရုပ်လေးရဲ့ လက်ကလှလို့ပါ မချွတ်နဲ့အမြဲစွပ်ထား"

"အင်းပါ ဒီတစ်ခါ ကျောင်းပိတ်ရက်မှာ ကိုစိုင်းရာဇာ လိုက်မလာပါ့လား ဘာလို့လဲ "

"သူတို့မိသားစု စင်ကာပူသွားလည်ကြတယ် ဟိုမှာ သူ့ဦးလေးနေတယ်လေ အဲဒါကြောင့်"

"သြော် "

"အရုပ်လေး "

"ရှင်"

ကိုဘုန်းကို မော့ကြည့်ပြီး သူမထူးလိုက်၏။

မင်းဘုန်းမြတ် ချီတုံချတုံဖြစ်နေသည်။ ပြောရင်ကောင်းမလား မကောင်းဘူးလား စဥ်းစားနေသည်။မ​ပြောလို့လည်းမဖြစ်၊ သူမအရမ်းလှလာတာကြောင့် စိုးရိမ်မိသည်။ အခုဆိုရင် တက္ကသိုလ်ကျောင်းသူပင်ဖြစ်နေပြီ၊ ကိုယ်နောက်ကျလို့မဖြစ်။

"အရုပ်လေး ကိုဘုန်းလေ..."

"အင်း ပြောလေ"

"ကိုဘုန်း အရုပ်လေးကိုချစ်တယ် တကယ်ချစ်တာပါ အရုပ်..."

"တော်ပါတော့ ကိုဘုန်းရယ်...."

သူမ မတ်တပ်ထရပ်လိုက်တာကြောင့် သူလက်ကိုလှမ်းဆွဲထားလိုက်သည်။ သူမရုန်းနေသဖြင့် သူလွှတ်ပေးလိုက်ရသည်။အရုပ်လေး သူ့ကိုကြည့်ရင်း....

"အရုပ်လေး အိမ်ထဲပြန်ဝင်တော့မယ်"

ဟု သူမပြောပြီးထွက်သွားပြီဖြစ်သည်။ သူလေပူတွေ မှုတ်ထုတ်ပြီး ခေါင်းကုပ်ကာကျန်ရစ်နေခဲ့၏။ သူ့ကို သူမ စိတ်ဆိုးသွားတာများလား။ မျက်နှာတော့သိပ်မပျက်သွားပေမယ့်

ဘာမှမတုံ့ပြန်ဘဲနေတာမို့ စိုးရိမ်မိတာတော့အမှန်ပင်။

"မင်းအချစ်ကိုရမှဖြစ်မယ် အရုပ်လေးရယ်..."

သူမ မထင်ထားသည့်စကားမို့ အံ့သြသွားမိသည်။ ကိုဘုန်း သူမအပေါ် အခုလို သဘောထားမယ်မှန်း လုံးဝကို မတွေးမိခဲ့။သူမလိုပဲ ရိုးသားမည်ဟု ထင်ထားခဲ့ပါသည်။ မိမိပြောခဲ့တုန်းက စတာပဲလို့ထင်ခဲ့သည်။ အခု ဒိီစကားမျိုးကို သူမဘဝမှာ ပထမဆုံး ကြားလိုက်ရတာမို့ လက်ဖျားတွေ အေးစက်နေသည်။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now