(ဇာတ်သိမ်းပိုင်း)
"သမီးလေးပြန်မလာတော့ဘူးထင်ပါတယ်"
သောကရှင်းတို့ကို ထမင်းခူးပေးနေရင်း ဒေါ်စော သူမစားနေကျနေရာလေးကိုကြည့်ကာ ပြောပြီး မီးဖိုခန်းထဲဝင်သွားပြီး ငိုနေပါသည်။
"မငိုပါနဲ့မစောရယ် ငါတို့သမီးလေးပြန်လာမှာပါ "
"မလာနိုင်တော့ပါဘူးတော် အခုတောင် သူ့အဖိုးအဖွားတွေနဲ့ ရန်ကုန်ပြန်လိုက်သွားပြီလို့ ရှင်ပဲပြောတာမဟုတ်ဘူးလား အဟီိးဟီး"
"မင်းလူလေးကိုမယုံဘူးလား၊ လူလေးက သမီးလေးကိုပြန်သွားခေါ်မှာသေချာတယ် စိတ်မပူစမ်းပါနဲ့မိန်းမရာ တိတ်တော့"
ဦးဘငယ်ဇနီးဖြစ်သူကို နှစ်သိမ့်နေမိသည်။ ယောက်ျားမို့ မျက်ရည်မလွယ်ပေမယ့် ဝဲမိတာတော့အမှန်။ကိုယ်တို့လင်မယားအတွက် တွယ်တာစရာဆိုလို့ သူတို့လေးတွေပဲရှိသည်မဟုတ်လား။
"ကျွန်တော်မင်းမြတ်မျက်နှာကြောင့် ခင်ဗျားတို့ကိုကျေအေးပေးလိုက်တယ်၊ ဒီနေ့ဒီအချိန်ကစပြီး ခင်ဗျားတို့နဲ့ကျွန်တော်ဘာမှမသက်ဆိုင်တော့ဘူးလို့မှတ်လိုက်ကြပါ "
ဦးမင်းငယ်နဲ့ဒေါ်မေကြည် ဘာစကားမှမပြောပဲ ရပ်နားထောင်နေဆဲ။ သောကရှင်း ဘေးနားမှာရပ်နေတဲ့မင်းဘုန်းမြတ်ပခုံးကိုဖက်ထားလိုက်ပြီး....
"ညီ ညီကကိုကို့ညီအဖြစ် ထာဝရရှိနေမှာပါ "
"အင်းပါကိုကို ကျွန်တော်ကိုကိုကို့အရမ်းချစ်ပါတယ်"
သူတို့နှစ်ယောက်ပွေ့ဖက်ထားလိုက်ပြီး သူ့နှဖူးကို သောကရှင်းလှမ်းနမ်းလိုက်ပြီး နှုတ်ဆက်ကာ ထွက်သွားလေသည်။
🌿🌿🌿🌿🌿🌿🌿🌿🌿
အရုပ်လေး မန္တလေးမှာ စာမေးပွဲသွားဖြေပြီး ဖွားဖွားတို့နှင့် ရန်ကုန်မှာ အတူလာနေဖြစ်ခဲ့ပါသည်။ ဒီကိုရောက်နေတာ တစ်လပင်ကျော်ခဲ့ပြီ။မေမေ့တစ်လပြည့်ကို ဒီမှာပဲလုပ်လိုက်သည်။
အဖိုးအဖွားတွေကလည်း သူမကို အရမ်းချစ်ကြတော့ သူမအတွက်အရာရာပျော်ရွှင်စရာတွေပါ။
ဆွေမျိုးရင်းချာတွေရဲ့အချစ်ကိုခံဖူးချင်တဲ့သူမရဲ့ ဆန္ဒတွေပြည့်ပြီဆိုပေမယ့် သူမအပြည့်အဝမပျော်ရွှင်နိုင်။
YOU ARE READING
မင်းရဲ့ပိုင်ရှင်