Part 9 (Unicode)

107 5 0
                                    

"ဝေးးး ပြီးပြီကွ "

မိမိ လက်ထဲက လွယ်အိတ်ကို မိုးပေါ် မြှောက်ပစ်ပြီး ပြန်ဖမ်းကာ ပြောလိုက်လျှင် အရုပ်လေး မိမိကို ငဲ့ကြည့်လိုက်ရင်း...

"ဟဲ့ ဖြေးဖြေးအော်ပါမိမိရဲ့ နင်ကလည်း..."

"စာမေးပွဲပြီးလို့ ဝဠ်ကျွတ်သွားပြီ ဖြေနိုင်တာမဖြေနိုင်တာအသာထားပေါ့ဟာ ဟားဟား..."

"နင်တော်တော်အူ​မြူးနေတယ်ပေါ့လေ ငါတော့စိတ်ညစ်ပါတယ် ထင်သလောက်မဖြေနိုင်ဘူး ကိုကိုဆူတော့မှာ"

"နင်ကလည်း အဲ့ဒါနင်ပြောမှ သူသိမှာပေါ့ အခုမေးရင် ဖြေနိုင်ပါတယ်ဘာညာပေါ့ဟာ "

"အောင်စာရင်းထွက်ရင်ကော"

"နောက်ကိစ္စ နောက်မှကြည့်ရှင်းပေါ့ဟ ဟိဟိ သူများပြောနေ ငါလည်းအမေထုတာခံရနိုင်တယ် အောင်စာရင်းထွက်ရင်လေ"

ကျောင်းသားတွေကြား တိုးဝှေ့ကာစကားတပြောပြောနဲ့ စက်ဘီးထုတ်နေကြသည်။စက်ဘီးတွေအများကြီးကြားထဲမှာမို့ စောင့်နေရင်း...

"နင်က သိပ်ကံကောင်းတာပဲနော် နင့်အမေကနင့်ကိုသိပ်ချစ်တာ "

"ဟင် ဘာဖြစ်လို့လဲ"

"နင်စာမေးပွဲမှာ ဖြေနိုင်ဖို့ ဗေဒင်တွေမေး ယတြာတွေချေ သပြေပန်းပန်ခိုင်း နင်ဖြေနေတဲ့တစ်ချိန်လုံးလည်း အိမ်မှာဘုရားစာရွတ်နေတာမို့လား ငါနင့်ကိုအားကျလိုက်တာ"

"နင်ကလည်း အဲ့ဒါတွေကိုငါတော့မယုံပါဘူး ကိုယ်ကျက်မှကိုယ်ရမှာလေ ဟုတ်ဘူးလား"

"ဗေဒင်မေးတာကို အဓိကပြောချင်တာမဟုတ်ဘူး နင့်အမေနင့်အပေါ်စိတ်ပူတာ ဂရုစိုက်တာတွေက်ို ပြောချင်တာပါ ငါကတော့.."

စက်ဘီးရပြီမို့ နှစ်ယောက်သားနင်းပြန်လာကြသည်။ မိမိအိမ်နဲ့က ဝေးပေမယ့် တစ်လမ်းထဲသွားရတာမို့ မိမိအိမ်သို့ဝင်လည်ရန် တွေးလိုက်သည်။ စက်ဘီးနင်းလာကြရင်း...

"ဟဲ့ ပန်းရုံရော ဖြေနိုင်လား"

"ဖြေနိုင်တယ်ပြောတာပဲ ငါ့ကိုသိပ်အဖတ်မလုပ်ပါဘူး"

"ပန်းရုံဆိုလို့ သူ့အစ်ကိုကော နင့်ကိုကြိတ်ချစ်နေတာလေ....".

မင်းရဲ့ပိုင်ရှင်Where stories live. Discover now