Part 2 (Unicode)

112 2 0
                                    

"ကိုကိုလိုက်ပို့"

အရုပ်လေး ကျောင်းဝတ်စုံလေးနဲ့ အိမ်ရှေ့မှာ မတ်တပ်ရပ်နေကာ သောကရှင်းကို ကျောင်းလိုက်ပို့ခိုင်းနေတာဖြစ်သည်။ရှင်းလည်းကျောင်းသွားရမှာမို့ လိုက်ပို့လို့မရပါ။

"ဦးငယ်လိုက်ပို့လိမ့်မယ် ငါလည်းကျောင်းသွားရတော့မှာ ဦးငယ်ရေ သွားတော့လေ ကျောင်းနောက်ကျဦးမယ်"

"လာ အရုပ်လေး ကိုကိုနဲ့ကကျောင်းမတူဘူးလေ အရုပ်လေးကို ဘဘလိုက်ပို့မယ်နော် လာ"

"သွားတော့ ကျောင်းနောက်ကျမယ် ကျောင်းမှာလိမ်လိမ်မာမာနေနော် မကဲရဘူး ကိုကိုမှာတာကြားလား"

"ဟုတ်ကဲ့ ကြားပါတယ်ကိုကို"

ဦးမောင်ငယ်တို့ သွားဖို့ကားစက်နိုးနေစဉ် ဒေါ်မေကြည် ကလေးနှစ်ယောက်လက်ဆွဲပြီး ဆင်းလာသည်။

"ဟဲ့ မောင်ငယ် ဒီမှာ ကလေးတွေကျန်သေးတာ မသိဘူးလား ...၊ သားနဲ့သမီး ကားပေါ်တက် "

ကလေးတွေ ကားပေါ်တက်နေသည်ကိုကြည့်ပြီး ဦးမောင်ငယ် ဒေါ်မေကြည့်အား မျက်လွှာလှန်ကြည့်မိသည်။ နှုတ်ခမ်းမှာမဲ့နေပြီး မျက်လုံးတွေကလည်း မကြည်လင်ခြင်းတွေပြည့်နေ၏။

"မမေကြည်တို့ကိုယ်တိုင်လိုက်ပို့မယ်ထင်လို့ပါ "

"ဟွန်း မပြောလိုက်ချင်ဘူး ဆင်ခြေချည်းပဲ သခင်အားရ ကျွန်ပါးဝနေတာ ...၊ သွားတော့မြန်မြန် ကျောင်းနောက်ကျတော့မယ်"

ဒေါ်မေကြည် ခါးထောက်ပြီး ထွက်သွားသောကားကိုကြည့်နေပါသည်။ပြီးတော့ အနားမှာ မိမိလိုပဲ ကြည့်နေတဲ့ သောကရှင်းကိုကြည့်လိုက်လျင် ကျောခိုင်းပြီး စက်ဘီးနဲ့ထွက်သွားလေသည်။ကျောင်းသွားလျင် ဘယ်သောအခါမှ ကားစီး၍သွားသည်ကို မမြင်ဖူးပါ။ ဒီကောင်လေးကိုတော့ ဘယ်လိုနားလည်ရမှန်းမသိပေမယ့် သူ့အမွေကိုတော့ မက်မောလွန်းသဖြင့် သူနဲ့အတူမနေချင်ပေမယ့်လည်း အောက်အီးကာ နေနေရသည်။

ကားနောက်ခန်းထဲတွင် သုံးယောက်အတူ ယှဉ်တွဲထိုင်နေစဉ် ပန်းရုံက အရုပ်လေးရေဘူးကို ရုတ်တရက်လုယူလေသည်။ အရုပ်လေးက မပေးဘဲ ပွေ့ပိုက်ထား၏။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now