ကျောင်းပြန်ဖွင့်ပြီမို့ မင်းဘုန်းမြတ်ရန်ကုန်ကို ပြန်လာခဲ့သည်။သူရောက်နေမှန်းသိတော့ စိုင်းရာဇာရောက်ချလာသည်။ပန်းရုံမှာ သူနဲ့အတူမနေဘဲ သန်လျင်မှာ အဆောင်ငှားနေသည်။သူမက သန်လျင်က နည်းပညာတက္ကသိုလ်မှာ ဗိသုကာပညာအထူးပြုနဲ့တက်ရောက်နေတာဖြစ်သည်။
"ဘယ်လိုလဲ အဆင်ပြေခဲ့တယ်မို့လား"
အိမ်ပြန်ရင် အရုပ်လေးကို ဖွင့်ပြောမယ်လို့ ပြောပြထားသည့်အတွက်မေးလိုက်ခြင်းဖြစ်သည်။ခေါင်းခါပြလိုက်တာကြောင့် ရာဇာ အံ့သြသလိုပြုရင်း ဟက်ဟက်ပက်ပက်ရယ်ချလိုက်သည်။ပြီးနောက်...
"အဟား ဒီခေတ်မှာ အဲ့လိုမိန်းကလေးတွေကျန်နေသေးတာလား၊ ဒါမှမဟုတ် မင်းပဲညံ့တာလား ဟမ်"
"မင်းမသိပါဘူး သူက သူများနဲ့မတူဘူး အနေအရမ်းအေးလွန်းတယ် အချစ်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ဘူး ကျွတ် "
"ကျွတ်မနေနဲ့ဟိတ်ကောင် သူကတော်တော်လှတာနော် ဒီကလို makeup တွေ ထူနေအောင်ဖို့ အတုတွေတပ်ပြီး လှတာမျိုးမဟုတ်ဘူးကွ သူ့အလှကသဘာဝကပေးတဲ့အလှစစ်၊ မင်းနောက်ဆုတ်လိုက်လည်း ရှေ့တိုးချင်တဲ့ကောင်တွေက တစ်ပုံချည်း၊ အတွေးမမှားနဲ့နော် နောက်မှ နောင်တတွေရနေမယ်"
"နောက်ဆုတ်ဖို့တော့ စိတ်မကူးပါဘူး၊ ဒါပေမဲ့...."
"မဲ့မနေနဲ့ ရအောင်လိုက်၊ အဲ့ဒါခဏထားလိုက်ဦး မင်းကိုအရေးကြီးပြောစရာရှိတယ်"
"ဘာလဲ"
"မင်းငါ့ကို မထိုးပါဘူးလို့ အရင်ကတိပေး"
"မပေးဘူး "
"မင်းကလည်း ထားပါတော့၊ ဒီလိုကွာ မင်းပြန်မလာခင်က ပန်းရုံနဲ့ငါတွေ့တယ်ကွ "
"တွေ့တာပဲအထူးအဆန်းလုပ်လို့"
"ဟာ ဒီလိုကွာ ငါဒဲ့ပဲပြောတော့မယ် ငါနဲ့ပန်းရုံနဲ့ချစ်သူတွေဖြစ်နေကြပြီ"
"ဘာ! ဘာပြောတယ် "
"စိတ်မဆိုးပါနဲ့သူငယ်ချင်းရာ ငါရုံ့ကိုတကယ်ချစ်တာပါ နော်ဟေ့ကောင်"
"ရုံကမင်းကိုတကယ်ချစ်တာကောသေချာလို့လား မဖြစ်နိုင်တာ၊ သူမင်းအပေါ်ဒီလောက်အမြင်ကပ်နေတာကို"
YOU ARE READING
မင်းရဲ့ပိုင်ရှင်