Part 8 (Unicode)

114 6 0
                                    

စာကြည့်ခန်းထဲမှာ ကလေးနှစ်ယောက် စာဖတ်နေတာကို ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်ဖတ်ရင်း ထိုင်စောင့်နေတဲ့ သောကရှင်းကိုကြည့်ပြီး ဦးမင်းငယ်တို့ လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြလိုက်ရင်း...

"ငါ့တူက ကလေးတွေကို စောင့်ပေး​နေတာပါလား သားအလုပ်ရှိရင်သွားပါ ဦးငယ်တို့စောင့်ပေးလိုက်ပါ့မယ် "

"ကျွန်တော် ဒီနေ့ဘာလုပ်စရာမှမရှိလို့စောင့်ပေးနေတာပါ သူတို့နားမလည်တာရှိရင်လည်းပြောပြလို့ရအောင်ပါ"

ရှင်း ဝတ်ကျေတန်းကျေပြောလိုက်ပြီးနောက် စာအုပ်ဆီအကြည့်ပြန်ပို့လိုက်ရာ ဒေါ်မေကြည်က

"သားပြောမှပဲသတိရတယ် ဟုတ်တယ် ကလေးတွေအတွက် ဂိုက်တစ်ယောက်လောက်ခေါ်ထားရင်ကောင်းမလားကိုမင်း...သားရော ဘယ်လိုသဘောရလဲ "

"မလိုပါဘူးအန်တီ ကျွန်တော် သူတို့အတွက် အချိန်ပေးနိုင်ပါတယ် "

ရှင်း ပန်းရုံနဲ့ အရုပ်လေးကို တစ်ချက်ကြည့်ပြီး ပြောလိုက်တော့ အရုပ်လေးက သူ့ကို ဖျတ်ခနဲ မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။

ထို့နောက် ပြုံးပြုံးရွှင်ရွှင်နဲ့ လင်မယားနှစ်ယောက် အရုပ်လေးကို 'စာတွေတော်တော်ရနေပြီလား ' 'ကြိုးစားနော်' စသဖြင့် သူ့ရှေ့မှာတင် ခေါင်းလေးပုတ်ကာ မေးနေကြသည်။ သောကရှင်း လှည့်တောင်မကြည့်ပါဘဲ နှုတ်ခမ်းက မသိမသာမဲ့ကျသွား၏။ သူတို့အကြောင်း မသိတာမှတ်လို့။ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးချင်လို့ဘယ်ရလိမ့်မလဲ ဟွန်း...။

ထိုစဥ် ပန်းရုံ စာလာမေးတာကြောင့် ရှင်းပြနေစဥ်...

"အရုပ်လေး လာကြည့်စမ်း ဒီပုဒ်စာတွက်တတ်လား မသိရင်တစ်ခါထဲရှင်းပြရအောင်လို့ "

" ဟုတ် "

သူမ စားပွဲမှထလာရာ ပန်းရုံက မသိမသာ မျက်လုံးပင့်ပြီး ခေါင်းခါပြနေသည်။ သူနဲ့အတူ မကြည့်စေချင်တဲ့သဘောပေမယ့် သူမပုဒ်စာကိုကြည့်လိုက်တော့ မတွက်တတ်လို့ စောစောကချန်ထားခဲ့သည့်ပုဒ်စာဖြစ်နေသည့်အတွက်

မင်းရဲ့ပိုင်ရှင်Where stories live. Discover now