Part 12 (Zawgyi)

19 0 0
                                    

"ဘုန်းး!!!"

အသံကြောင့် ဦးမင်းငယ်သတင်းစာဖတ်နေရာကနေ ခေါင်းထောင်ကြည့်ကာ သူ့ကိုရော ခုံပေါ်ကဖိုင်ကိုပါတစ်ချက်ကြည့်ရင်း မျက်ခုံးပင့်သွားကာ...

"ဒါက ဘယ်လိုလုပ်လိုက်တာလဲ"

ဦးမင်းငယ်အမေးကြောင့် သောကရှင်းဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး မဲ့ပစ်လိုက်ကာ...

"ဒီစကားက ကျွန်တော်မေးရမယ့်စကားပါဦးငယ် အဲ့ဒါဘယ်လိုဖြစ်တာလဲ ဖိုင်ကိုတစ်ချက်ယူကြည့်လိုက်ပါဦး"

ဦးမင်းငယ် ဖိုင်ကိုဆွဲယူပြီးကြည့်လိုက်လျှင် မျက်နှာကကွက်ခနဲပျက်သွားသည်။ဒါ အရင်လက ငွေအသုံးလိုလို့ ဒီအတိုင်းထားထားတဲ့ခြံကို သူဂရုမပြုလောက်ဘူးအထင်နဲ့ရောင်းခဲ့တာဖြစ်သည်။အခုတော့ဘယ်လိုလုပ်ရပါ့မလဲ။

"အော် ဘာများလဲလို့ငါ့တူရယ် အဲ့ဒီခြံက တောစပ်မှာမို့လား သားရဲ တိရိစ္ဆာန်တွေနဲ့အပင်စိုက်ဖို့ အဆင်မပြေ......."

"အဲ့ဒါဦးငယ်ဆုံးဖြတ်ပေးရမယ့်အရာမဟုတ်ဘူး အခုကျွန်တော် အဲ့ဒီခြံမှာကျွန်းပင်စိုက်ဖို့ စီစဉ်ပြီးသား အခုခြံသွားရှင်းတော့မှသိရတယ် ဟိုဘက်ကလည်း ကျွန်တော်မသိဘူးဆိုတာအခုမှသိတာ၊ ကျွန်တော့် လက်မှတ်အတုနဲ့ဦးငယ်ရောင်းခဲ့တယ် အခုသူတို့သိသွားကြပြီဦးငယ်က သူခိုးတစ်ယောက်နဲ့မခြား......"

"မင်းငါ့ကို သူခိုးလို့ပြောချင်တာလား"

ဦးမင်းငယ်ရှက်ဒေါသဖြင့် ဝုန်းခနဲထရပ်ပြီး လက်ထဲကဖိုင်ကိုပစ်ချလိုက်သည်။

"မပြောစေချင်ဘူးလား ဒါဆိုကျွန်တော်မသိအောင် ဘာလို့ရောင်းခဲ့တာလဲ ရောင်းရအောင်လည်း ဦးငယ်ခြံလည်းမဟုတ်ဘူး သုံးစရာမရှိလည်းပြောပါဗျာ ဒီလိုအလွဲသုံးစားလုပ်တာမျိုး ကျွန်တော်မကြိုက်ဘူး နောက်ဒီလိုမဖြစ်ပါစေနဲ့"

"ဘာလဲ မင်းက မင်းအိမ်ပေါ်မှာကပ်နေလို့ ဒီလိုစကားပြောတာလား ရတယ်မင်းပိုက်ဆံပြန်ရရင်ပြီးရောမို့လား"

"ပိုက်ဆံအကြောင်းပြောနေတာမဟုတ်ဘူးနော်ဦးငယ် အခုကျွန်တော်ပြောနေတာ ကျွန်တော်မသိအောင်လုပ်လို့ ပြီးတော့ အဲ့ဒီခြံက အခုအသုံးလိုတယ် ပြန်ဝယ်ပါ့မယ်ဆိုရင်တောင် သူတို့ဘက်ကပြန်ရောင်းမှာမဟုတ်ဘူး အခုကျွန်တော်လိုတာ မြေနေရာ ခြံကို ပိုက်ဆံမဟုတ်ဘူး "

မင်းရဲ့ပိုင်ရှင်Where stories live. Discover now