Part 7 (Zawgyi)

16 0 0
                                    

နံနက်ခင်း ဆောင်းလေတို့က တဖြူးဖြူးတိုက်ခတ်နေသည်။ မိုးပြာရောင် ဆွယ်တာလက်ရှည်ကိုဝတ်ပြီး ခြံထဲဆင်းလမ်းလျှောက်လာခဲ့သည်။

နေရောင်ခြည်မထွက်သေးပေမယ့် နှင်းရည်တွေပတ်ဖြန်းထားခြင်းခံထားရတဲ့ ပန်းတွေအဖို့ လှပလန်းဆန်းလို့နေသည်။ အေးချမ်းလှတဲ့ ဒီဇင်ဘာနံနက်ခင်းလေးက ရန်ကုန်ဆိုတဲ့ မြို့တော်ကြီးမှာ မရနိုင်တဲ့အရသာပါ။ ပန်းရနံ့လေးတွေက ပတ်ဝန်းကျင်တစ်ခွင် သင်းပျံ့လို့နေတယ်၊ အစာလာရှာတဲ့ ငှက်ကလေးတွေရဲ့ တဂျီဂျီအော်မြည်သံတွေက နှစ်သက်စဖွယ်ကောင်းလှသည်။

ဒီလိုအချိန် ကဗျာတစ်ပုဒ်လောက် စပ်မယ်ဆိုရင်ဖြင့် စပ်ဆိုလို့ကောင်းတဲ့အချိန်လေးပါ။ ပန်းပွင့်လေးတွေကို တယုတယ ကိုင်တွယ်ကြည့်နေစဉ် ခြံဝမှ ဘဲလ်တီးသံကြားလိုက်ရပါသည်။

ဒီအချိန်ဘယ်သူများပါလိမ့်...။

နန်းအတွေးဖြင့် ခြံတံခါးဆီသို့ လျှောက်သွားတော့ ကိုသောကရှင်းကို တွေ့လိုက်ရသဖြင့်...

"ဟင် ကိုသောကရှင်း ဘယ်လိုဖြစ်လို့..."

"ဒီမှာလေ နန်းစားဖို့ ရှမ်းခေါက်ဆွဲလာပို့တာ ကျွန်တော် နောက်များကျသွားပြီလား..."

သူ့စကားကြောင့် နန်းပြုံးလျက် တံခါးဖွင့်ပေးလိုက်ရင်း...

"ရှမ်းခေါက်ဆွဲက နန်းအကြိုက်ပဲ၊ ခုထိ မနက်စာမစားရသေးတာနဲ့ အတော်ပဲ လာ အထဲဝင်ပါ "

ရှင်းလည်း အထဲသို့ လိုက်ဝင်လာခဲ့သည်။

ခြံတစ်ခြံလုံး ပန်းတွေကအပြည့်။ သူ့နှာသီးဝမှာ လာရောက်ကျီစယ်သည့် ပန်းရနံ့ သင်းသင်းကို တစ်ချက်ရှိုက်၍ရှူလိုက်သည်။

"ပန်းတွေကအတော်လှတာပဲနော် နန်း... ဒါပေမဲ့ နန်းအလှကိုတော့ မမှီကြဘူး "

"အဟင်း မဟုတ်မှန်းသိလည်း ဒီလိုပြောတော့ ပျော်မိတာတော့အမှန်ပဲ၊ ဒါက ဒန်းစီး lady၊ ဒီပန်းက သုံးရာသီ လက်ဖက်နှင်းဆီ၊ ဒါလေးက ဒန်းစီးသစ်ခွ၊ ဒီပန်းတွေက နန်းအရမ်းကြိုက်လို့ ခြံထဲရွေ့စိုက်ထားတာလေ၊ ဟိုဘက်ခြမ်းကတော့ အစုံပေါ့ "

မင်းရဲ့ပိုင်ရှင်Where stories live. Discover now