Part 18 (Zawgyi)

18 0 0
                                    

အရုပ်လေးသည် ဈေးခြင်းတောင်းလေးကိုင်ပြီး သူမနဲ့ဖွားစော ဈေးဝယ်ထွက်လာခဲ့သည်။ထိုစဉ် အကျီဆိုင်ရှေ့မှာချိတ်ထားတဲ့ ဂါဝန်မိုးပြာရောင်လေးကို သူမသဘောတကျအနားသွားပြီးကိုင်ကြည့်နေသည်။

ဖွားစောက အသိတစ်ယောက်နဲ့စကားပြောနေတာမို့ သူမလှမ်းခေါ်မလို့ပြင်လိုက်ပေမယ့် မခေါ်တော့ဘဲ ဈေးမေးလိုက်သည်။

"ဒါဘယ်လောက်လဲအစ်မ"

"နှစ်သောင်းရှစ်ထောင်ပါညီမ ဝတ်ကြည့်လို့ရပါတယ်"

"ရှင် အဲ့လောက်တောင်လား "

သူမလိုချင်ပေမယ့် ဈေးကများနေသဖြင့် သက်ပြင်းချ လက်လျော့လိုက်ကာ ဂါဝန်ကိုလက်နဲ့သပ်လိုက်ပြီး ပြန်လှည့်လာလိုက်လျှင်

"ဟေ့ ဟေ့ ကလေး "

အနောက်မှခေါ်သံကြောင့် ကြည့်လိုက်တော့ ရုတ်တရက်မသိဘဲဖြစ်နေရင်းမှ သတိရသွားသည်။မမမြတ်နန်းဆက်ရဲ့မေမေပဲ။ အနားသို့သွားလိုက်ပြီး မေးခွန်းတွေ တရစပ်မေးလိုက်မိပါ၏။

"ဖွားဖွား ဖွားဖွားတစ်ယောက်ထဲလား မမရောမပါဘူးလား ဖွားဖွားနေရောကောင်းပြီလား"

"အဟင်း ကလေးမကတော့ကွယ် မေးတာစုံလို့ အဖွားကမှတ်မိပါ့မလားတွေးနေတာ အဖွားနေကောင်းပါတယ် သမီးမမတော့မပါဘူးကွဲ့ အိမ်ကကလေးမလေးနဲ့လာတာ"

"ဪ ဟုတ် "

"သမီးက ဒီဂါဝန်လေးကိုကြိုက်နေတာမို့လား စောစောကကြည့်နေတာတွေ့လို့လေ အဖွားဝယ်ပေးမယ် ယူ"

"မဟုတ်တာဖွားဖွားရဲ့ မယူပါဘူး "

"အားမနာပါနဲ့ ကိုယ့်အဖွားအရင်းလို့သဘောထားဟုတ်လား သမီးလေးဖြုတ်ပေးပါဦးကွယ် "

ဆိုင်ကကောင်မလေးချိတ်မှဖြုတ်လိုက်ပြီး အိတ်ထဲထည့်မလို့ ခေါက်နေစဉ် ဖွားစောရောက်လာသည်။

"ဘာဝယ်နေတာလဲသမီး "

"ဒီကဖွားဖွားလေ သမီးကိုဝယ်ပေးတာ ဈေးကြီးတယ်ဖွားစောရဲ့ အားနာလို့အဲ့ဒါပိုက်ဆံအပိုမပါဘူးလားဟင်"

"ဘာတွေတိုးတိုးတိုးတိုးပြောနေတာလဲ အားနာစရာမလိုဘူးနော်ရော့ကလေး"

မင်းရဲ့ပိုင်ရှင်Where stories live. Discover now