Part 10 (Unicode)

128 5 0
                                    

"ဖြစ်လိုက်ရင်တော့ အဆန်းကြီးပဲ နေပါဦး စက်ဘီးသေချာမနင်းတက်ဘူးလား ဟမ် တော်သေးတာပေါ့ ဟိုဘက်ကားက အရှိန်မပြင်းတာပဲကံကောင်းလို့"

သူမ အိပ်နေတဲ့ဘေးလာပြီး ပြောနေတာကြောင့် မျက်လုံးအဝိုင်းသားနဲ့ကြည့်နေမိသည်။ငါ့ကို ဆူနေတာများလား။

"ကိုကို့ကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ် "

"ဒီမှာ ငါ့ကိုဘယ်အချိန်ထိစိတ်ပူအောင်လုပ်နေမှာလဲ အသက်လည်းမငယ်တော့ဘူးနော်အရုပ်လေး ကိုကိုစိတ်ချချင်ပြီ "

"ဟုတ်"

"ပြောလိုက်ရင် ဟုတ် ဟုတ်နဲ့ ကွယ်သွားရင်တလွဲချည်းလုပ်တာ နာနေသေးလား ကြီးစော အရုပ်လေးအတွက်မနက်စာပြင်နေတယ် ထမျက်နှာသစ်ရအောင် "

" အ "

သူမကို ဆွဲပွေ့သွားပြီး ရေချိုးခန်းထဲက ခုံမှာထိုင်ခိုင်းကာ သူကိုယ်တိုင်ပင် မျက်နှာသစ်ပေးနေသည်။ ထို့နောက် သွားတိုက်တံတွင် သွားတိုက်ဆေး ထည့်ပေးလိုက်ပြီး သူမ လက်ထဲထည့်ပေးလိုက်တော့ သူ့ကို မော့ကြည့်ပြီး လှမ်းယူကာ သွားတိုက်နေသည့်ပုံက ဘယ်လိုလေးမှန်းမသိ။

မျက်နှာကိုရေသုတ်ပေးနေတာကြောင့် သူမမျက်လုံးလေးတွေမှိတ်ထားသည်။သုတ်ပေးနေရာက ရပ်သွားတာကြောင့် သူမမျက်လုံးလေးဖွင့်ကြည့်လိုက်သည်။ကိုကို သူမကိုသေချာစိုက်ကြည့်နေတာကြောင့်

"ဘာဖြစ်လို့လဲကိုကို မျက်နှာ..."

"ရူး "

သူမပါးစပ်လေးကို လက်ညိုးနဲ့ပိတ်လ်ိုက်တာကြောင့် သူမနောက်ကိုဆုတ်လိုက်သည်။ ကုန်းပြီးသုတ်ပေးနေရာကနေ မတ်တပ်ရပ်ပြီး တဘက်ကိုပြန်လှမ်းထားလိုက်သည်။ပြီးမှ သူမကိုပြန်ပွေ့ပြီး ကုတင်ပေါ်တင်ပေးလိုက်သည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် ဘေးတစ်စောင်းထိုင်နေရာကနေထပြီး...

"ကြီးစော မနက်စာလာပို့တာထင်တယ် စားပြီးဆေးသောက်ဦးနော် ဆေးလည်းလိမ်းဖို့ပြောထားလိုက်မယ်"

"ဟုတ် ကိုကိုကဘယ်သွားမလို့လဲ"

"အပြင် ခဏပါ ဘာစားချင်လဲ ဘာဝယ်ခဲ့ရဦးမလဲ"

မင်းရဲ့ပိုင်ရှင်Where stories live. Discover now