Part 6 (Unicode)

114 6 0
                                    

"ဟို ဒီဒဏ်ရာက ချော်လဲလို့ ဒဏ်ရာရတာပါကိုကို"

သူမ ဒေါ်မေကြည်ကို မသိမသာ ငဲ့ကြည့်ရင်းဖြေလိုက်တော့ ဒေါ်မေကြည်က

"ဟုတ်တယ်သားရေ သမီးလေးကအမြဲယှက်ပြာယှက်ပြာနဲ့ အန်တီဆေးလိမ်းပေးထားပါတယ် နော်သမီးလေး"

ဟု သူမလက်ကို လာကိုင်ပြီး ပြောလိုက်သဖြင့် အရုပ်လေး ခေါင်းညိမ့်ပြလိုက်ရသည်။

"ဟုတ်ပါတယ် ကြီးကြီးကအရမ်းဂရုစိုက်ပါတယ်"

"ကဲကဲထားတော့ ရှင်းလည်းနားတော့လေ ခရီးပန်းလာမှာပေါ့ "

ဦးမင်းငယ်ပြောလိုက်လျင် သောကရှင်းအရုပ်လေး၏ ခေါင်းကို ဖွဖွပုတ်လိုက်ကာ အပေါ်တက်သွားသဖြင့် ဦးမောင်ငယ်အိတ်တွေသယ်ကာ အနောက်ကလိုက်သွားသည်။ဒေါ်စောက အရုပ်လေးကိုကြည့်နေတာကြောင့်

"ဘာလဲမစော အရုပ်မကိုဘာပြောချင်လို့ကြည့်နေတာလဲ ကြည့်နေကြနော် မဆိုင်ပဲနဲ့ပါးစပ်ဆော့လို့ကတော့ မေကြည့်အကြောင်းသိမယ် ညည်းလည်းသတိထား "

ဟု ဒေါ်မေကြည် အရုပ်လေးကို ခပ်စူးစူးစိုက်ကြည့် ပြောလိုက်ပြီးနောက် လှည့်ထွက်သွားလျင် ဦးမင်းငယ်ပါလိုက်သွားသည်။အရုပ်လေးလည်း အခန်းထဲပြေးဝင်သွားတာကြောင့် ဒေါ်စောစိုးရိမ်တကြီးလိုက်သွားသည်။

"အင့်အင့်အင့်....."

"သမီးလေးး "

"သမီးတစ်ယောက်တည်းနေပါရစေဖွားစောရယ် ကိုကိုက အရုပ်လေးကို ဂရုမစိုက်တော့ဘူး ဒီအိမ်မှာမနေချင်တော့ဘူး အင့်အင့်အင့်.."

"သမီး သမီးလေး တံခါးဖွင့်ပါဦးကွယ် "

သူမတိုးတိတ်စွာပြောပြီး ဒေါ်စောက်ိုတံခါးဖွင့်မပေးဘဲ တံခါးနားကခွာကာ အိပ်ယာပေါ် မှောက်ပြီး ကြိတ်ငိုနေလိုက်ပါသည်။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ကျောင်းပြီးသွားပြီဖြစ်သည့်အတွက် အလုပ်ထဲကို အာရုံနှစ်ပြီး စီးပွားရေးတိုးတက်အောင် စိတ်ရောကိုယ်ပါကြိုးစားလုပ်ကိုင်နေသည်။ဦးမင်းငယ်သည်လည်း ရောယောင်ကာအလုပ်သည်ဟုထင်မြင်အောင် ခြံထဲကိုနေ့တိုင်းဆင်း သူ့အရှေ့ရောက်ရင် အလုပ်ကြိုးစားတဲ့ပုံစံနဲ့အလုပ်သမားတွေကို ခိုင်း သူပါဝင်လုပ်တတ်သည်။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now