Part 17 (Unicode)

113 6 0
                                    

အရုပ်လေး စာမေးပွဲမဖြေခင် တစ်ပတ်အလို စာကြည့်ရက်အဖြစ် ကိုယ့်ဘာသာခွင့်ယူပြီး အိမ်သို့ ပြန်လာခဲ့ပါသည်။ သူမအိမ်ပြန်ရောက်တော့ ဖွားစောက သူမကိုဖတ်ပြီး သတိရလို့ဆိုကာ မျက်ရည်တွေတောင်ကျသည်။ သူမလည်း ဘာထူးလဲ၊ မျက်ဝန်းထဲမှာ မျက်ရည်စတွေနှင့်သာ။ ကိုကိုများ အိမ်မှာ ရှိမလားဆိုတဲ့စိတ်နဲ့ ဝေ့ဝဲပြီးရှာလိုက်သော်လည်း မတွေ့။ ထိုအခါ ဖွားစောက သတိထားမိသွားပြီး 'ကိုကိုဒီအချိန်အလုပ်သွားတယ်လေ သမီးရဲ့' ဟု ပြောပါသည်။

အရုပ်လေး ရေမိုးချိုး အဝတ်စားလဲပြီး နေ့လည်စာစားဖို့ ပြင်ဆင်ပေးနေသည့် ဖွားစောကို ဝိုင်းကူပေးနေပါ၏။

"ဖွားစော..."

"ဘာလဲ သမီးရဲ့ "

"ဟိုလေ အရုပ်လေး ကိုကို့ကို ထမင်းချိုင့်သွားပို့ပေးချင်လို့ အဲဒါ "

"အို မဟုတ်တာ၊ သမီးကို ခြံထဲလာတာ မကြိုက်ဘူးမို့လား၊ တော်ကြာ ဟိုရောက်မှ အဆူခံနေရမယ်နော် "

"ဖွားစောကလည်း အရုပ်လေးအိမ်ပြန်ရောက်နေတာ ကိုကိုမှမသိသေးတာ၊ ဆူမှမဟုတ်ပါဘူး... မမျှော်လင့်ဘဲ တွေ့လိုက်လို့ ဝမ်းတောင်သာသွားဦးမှာ သိလား... ဖွားစော "

သူမ ဖွားစောရဲ့ လက်မောင်းကို ဆွဲကိုင်လှုပ်ယမ်းရင်း ပူဆာနေသည်။ တကယ်လည်း ကိုကို့ကို တွေ့ချင်နေတာအမှန်မို့ ဖွားစောဆီက ခွင့်ပြုချက်ရဖို့ အရေးကြီးသည်။

"မပြောတတ်တော့ပါဘူး... အိမ်မှာလည်း ဦးမင်းငယ်တို့လင်မယား မရှိဘူးဆိုတော့ သွားချင်ရင်သွားပေါ့၊ အဆူခံရရင် ဖွားစော အပြစ်မဟုတ်ဘူးနော် "

"ဟုတ်ကဲ့ပါ ဖွားစောရဲ့ စိတ်ချ "

အရုပ်လေး ဘငယ်နှင့်အတူ ကိုကိုရှိနေမည့် လိမ္မော်ခြံထဲသို့ စိတ်လှုပ်ရှားစွာ ရောက်ရှိလာခဲ့ပါသည်။ ဘငယ်ကတော့ အထဲမလိုက်တော့ဘူးဟု ဆိုကာ ကားထဲမှာပင် စောင့်နေခဲ့လေ၏။ ခြံတစ်ခြံလုံး အစိမ်းရောင်သစ်ရွက်တွေကြား လိမ္မော်ရောင်အသီးတွေက ပြွတ်ခဲနေရာ သဘောကျသလို တက်ကြွလာရပါသည်။ ကိုကိုနဲ့တွေ့ရတော့မည်မဟုတ်လား။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now