Part 13 (Unicode)

104 6 0
                                    

အချိန်ကာလတွေကို ပြုံးတစ်ခါငိုတစ်လှည့်နဲ့ဖြတ်ကျော်ရင်း အောင်စာရင်းထွက်ချိန်ရောက်လာခဲ့သည်။ကိုကိုသည်လည်း အလုပ်ကိစ္စတွေနဲ့မို့ အိမ်သိပ်မကပ်လှ။ကြီးကြီးတို့လည်းအရင်လို သိပ်ပြီးမခိုင်းတော့ပေ။သူတို့ဘာသာသူတို့နေတော့သည်။ကိုကိုနဲ့ဟိုတစ်ခါပြဿနာဖြစ်ပြီးကတည်းကပါ။ဒီတော့ အရုပ်လေးဝမ်းသာရသည်ပေါ့။

အရာရာဟာ အဆင်ပြေလာသည်။ပန်းရုံသည်လည်း တစ်နေ့တစ်နေ့ သူ့သူငယ်ချင်းတွေနဲ့အပြင်ထွက်ကာ လျှောက်လည်နေကြတာမို့ အရင်လိုမတွေ့ဖြစ်၍ သူ့ရဲ့အထေ့အငေါ့စကားတွေမကြားရတော့။သူမဘဝ စိုပြေလာရုံရှိသေး အောင်စာရင်းက ဝင်ရှုပ်တော့မည်။

မနက်လေးနာရီလောက်ထဲက နိုးနေသည်။လူက ဂနာမငြိမ်ဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။ကိုကို့အခန်းရှေ့သွားပြီးကြည့်တော့ အိပ်တုန်းဖြစ်သည်။ဘငယ် အောင်စာရင်းသွားကြည့်တာကြာပြီဖြစ်သည်။ခုထိပြန်မလာသေး။ပန်းရုံလည်းအိပ်တုန်းဖြစ်သည်။သူကတော့ အေးဆေးနေနိုင်တာပေါ့ ။သူမမှာသာ ကိုယ်ဖြေခဲ့တာကိုယ်ပဲသိတာမို့ ကြောက်နေသည်။အောင်ပါ့မလားတောင်မသိ။

ထိုစဉ်အိမ်ရှေ့မှ ဆိုင်ကယ်သံကြားတာကြောင့် ထွက်လာလိုက်သည်။ပြီးတော့ ဘငယ်ကို ဘာပြောမလဲလို့ မေးလေးပင့် မျက်လွှာလေးပင့်၍ ကြည့်နေရင်း...

"ဘငယ်"

"သမီးအောင်တယ်သမီးရဲ့"

"ဟင် တကယ်လားဘငယ် ပျော်လိုက်တာ ဪ ပန်းရုံရောဟင် အောင်တယ်မို့လား"

"အောင်တယ် ဂုဏ်ထူးသုံးဘာသာပါတယ်"

"အရုပ်လေးကရော..."

ထိုစဥ် အနောက်မှာဘယ်အချိန်ထဲက ရောက်နေမှန်းမသ်ိတဲ့ သောကရှင်းရဲ့အမေးကြောင့် သူမလန့်သွားပေမယ့် ဘငယ်က ဝမ်းသာအားရနဲ့ ဖြေလိုက်ပါသည်။

"သမီးလေးအောင်တယ်လူလေးရ ဂုဏ်ထူးတော့မပါဘူး အောင်ဖို့က အဓိကပဲလေမဟုတ်ဘူးလား..."

သူဘာမှပြန်မပြောဘဲ ပြန်လှည့်ထွက်သွားတော့ သူမနဲ့ဘငယ်လည်း အိမ်ထဲဝင်လိုက်ကြသည်။ဂုဏ်ထူးနဲ့အောင်မှန်းသိတော့ ပန်းရုံအပျော်ကြီးပျော်နေသည်။ဒေါ်မေကြည်တို့မျက်နှာမှာ အပြုံးတွေဝေဆာလို့ပေါ့။မပြုံးနိုင်တာက ဘငယ် ဖွားစော နဲ့သူမသာ။ကိုကိုကတော့ စိတ်မဝင်စားတဲ့ပုံစံနဲ့ဘာမှမပြော။ပန်းရုံကို ဘာလိုချင်လဲမေးပေမယ့် သူမကိုတော့ တစ်ခွန်းမျှမေးဖော်မရ။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now