Part 11 (Zawgyi)

20 0 0
                                    

"မေမေရေ မေမေ သားပြန်လာပြီမေမေရေ့ "

မင်းဘုန်းမြတ် အိမ်ထဲသို့ ရောက်ရောက်ချင်း သူ့အမေကိုအော်ခေါ်နေပေမယ့် ထွက်မလာပါ။တစ်ယောက်မှကို မတွေ့တာဖြစ်သည်။ထိုစဉ် ဖွားစော မုန့်ဗန်းကိုင်ပြီး မီးဖိုခန်းကထွက်လာကာသူ့ကိုမြင်သွားသောကြောင့် အံ့အားတသင့်ဖြစ်သွားပြီး သူ့ဆီလျှောက်လာရင်း....

"ဟယ် သားဘုန်းပြန်လာတယ် သူငယ်ချင်းလည်းပါလာတာလား သားအမေ့တို့အပေါ်ထပ်မှာ ဇာတ်လမ်းတွဲကြည့်နေကြတယ်သားရဲ့ ဒါနဲ့ဘာလို့နောက်ကျရတာလဲ မိုးတောင်အတော်ချုပ်နေပြီ"

" ဖွားစော ကျွန်တော် မေမေတို့ဆီ သွားလိုက်ဦးမယ် "

သူ ဖွားစောရဲ့အမေးကို ပြန်မဖြေနိုင်ဘဲ ဖွားစောကိုဖက်ကာ အပေါ်ထပ်တက်သွားလိုက်၏။သူငယ်ချင်း စိုင်းရာဇာကိုပါ ခေါ်လာခဲ့သည်။သူက ရှမ်းလူမျိုးပေမယ့် ရန်ကုန်မှာမွေးရန်ကုန်မှာကြီးလာသူဖြစ်သည်။ကျောင်းပိတ်ရက်အိမ်ပြန်မယ်ဆိုတော့ လိုက်လည်ချင်သည်ဆိုသည့်အတွက်ကြောင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။

ဒီနေ့ပြန်လာမယ်လို့ ကြိုမပြောထားဘဲ surprise လုပ်ချင်သည့်အတွက်ကြောင့် တိတ်တိတ်လေးပြန်လာတာဖြစ်သည်။မနက်ကားနဲ့ထွက်လာခဲ့ပေမယ့် လမ်းမှာကားပျက်သည့်အတွက်ကြောင့် မိုးချုပ်သွားတာဖြစ်သည်။

အပေါ်ထပ် ဧည့်ခန်းမှာ တီဗီထိုင်ကြည့်နေသည့် မေမေနှင့်ပန်းရုံကို တွေ့လိုက်ရပြီး မေမေ့ကို ကျောဘက်ကနေ သိုင်းဖက်လိုက်တော့ မေမေ့က ရုတ်တရက်မို့ လန့်ဖျပ်သွားဟန် ဆတ်ခနဲ ပခုံးတွန့်သွားပြီး နောက်သို့ လှည့်ကြည့်ရင်း....

"ဟယ် သား အမလေး ကြည့်ပါဦး မေမေ့သားလေးကတော့လေ ပြန်လာမယ်ဆိုလည်း ဖုန်းကြိုဆက်ပါလားသားရယ် "

"သားကမေမေတို့ကို surprise လုပ်ချင်လို့မပြောတာမေမေရဲ့ ရာဇာ ထိုင်လေကွာ ဪမေမေ ဒါသားသူငယ်ချင်းစိုင်းရာဇာတဲ့ အလည်ခေါ်လာတာ"

သူ ရာဇာနဲ့ မေမေ့ကို မိတ်ဆက်ပေးလိုက်သဖြင့် မေမေက ရာဇာကို တစ်ချက်လှမ်းကြည့်ပြုံးပြကာ စကားဆိုသည်။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now