Part 19 (Unicode)

134 4 0
                                    

"ဘာပြောလိုက်တယ်ကိုကို အရုပ်လေးက ကိုဘုန်းနဲ့စေ့စပ်ရမယ်ဟုတ်လား၊ ဘာကြောင့်လဲ"

"ဟုတ်တယ် အားလုံးစီစဉ်ပြီးပြီ ရက်ရွေးရုံပဲ အဲ့ဒါသ်ိအောင်ပြောထားတာ"

"ကိုကို.!"

သူမမေးခွန်းကို မဖြေဘဲ သောကရှင်း ပြောပြီးသည်နှင့် ထွက်သွားပြီဖြစ်သည်။သူမခြံထဲမှာတစ်ယောက်ထဲထိုင်ကာ ပန်းသီနေစဉ်လာပြောသွားခြင်းဖြစ်သည်။

ကိုကိုဘာတွေလုပ်နေမှန်း သူမနားမလည်တော့။တကယ်ပဲ ကိုဘုန်းနဲ့ လက်ထပ်စေချင်တာ...။ ကိုဘုန်းနဲ့တော့ လက်မထပ်နိုင်တာတော့အမှန်။ဘယ်လိုလုပ်ရပါ့မလဲ။

🌿🌿🌿🌿🌿🌿🌿🌿🌿

ဆေးရုံကဆင်းလာတော့ ဒေါ်မြတ်မြတ် အရုပ်လေးထံသမီးဖြစ်သူကို လိုက်ပို့ခိုင်းနေသည်။သူမလိုက်မပို့ချင်ပါ၊ သို့ကြောင့်...

"မာမီရယ် အခုမှဆေးရုံဆင်းတယ်ရှိပါသေးတယ် နားပါဦး နောက်မှ...."

"အို မရဘူးအခုပဲ ညည်းလိုက်မပို့လည်း ငါ့ဘာသာသွားမယ်"

"သူနဲ့ဘာပြောစရာရှိနေလို့လဲမာမီ မာမီ့ကိုဆေးရုံရောက်အောင်ပို့လိုက်တဲ့သူကို..."

"ဘယ်လို၊ သူနဲ့ဘာမှမဆိုင်ပါဘူးအေ ငါ့ရောဂါနဲ့ငါပါ၊ သမီးသူနဲ့စကားပြောဖြစ်သေးလား ဆေးရုံလည်းမလာကြဘူး ဘာဖြစ်လို့ပါလိမ့်"

"သူ့အကြောင်းသူသိလို့ရှက်ပြီးမလာတာနေမှာပေါ့ သူကရှင်းက်ိုတစ်ဖက်သက်ချစ်နေတာမာမီရဲ့၊ သူနဲ့နန်းနဲ့သိပ်မတွေ့ဖြစ်ပေမယ့် ရှင်းအနားမှာသူအမြဲရှိတာကို နန်းမကြိုက်ဘူး သူ့ကိုဦးစားပေးနေတာကိုလည်းမုန်းတယ်"

"သူတို့ဘာမှမတော်ကြဘူးလား ပြောစမ်းပါအေမြန်မြန်"

"ရှင်းကသူ့ကိုမွေးစားထားတာ သူများတွေပြောကြတာတော့ ရေထဲကကောက်ယူမွေးစားထားတာတဲ့ "

"ဟင် သူကိုယ်တိုင်ပြောတာလား အဲ့ဒါသေချာသလား"

"သူကိုယ်တိုင်တော့ဘာမှမပြောဘူး ပတ်ဝန်းကျင်ကတော့ဒီအတိုင်းပြောနေကြတာပဲမာမီ၊ နေပါဦး ဘာဖြစ်လို့အဲ့ကောင်မလေးအကြောင်းဒီလောက်သိချင်နေတာလဲမာမီ"

မင်းရဲ့ပိုင်ရှင်Where stories live. Discover now