Part 15 (Unicode)

54 1 0
                                    

လေနုတွေက အေးစက်တာထက်ပိုသည်။ အသည်းတခိုက်ခိုက်တုန်အောင် ခံစားနေရင်းကနေ ကလေးတစ်ယောက် သူမမျက်စိရှေ့ရောက်လာသည်။ ကလေးမှာ ပြာနှမ်းနေပြီး ငိုသံမကြားဘဲ တိတ်ဆိတ်နေသည်။ သူမ ကလေးဆီ မရဲတရဲနှင့် အနားကပ်သွားစဥ် ကလေးမှာ ရုတ်တရက် မျက်လုံးထဖွင့်ပြီး ကြည့်နေလေသည်။ နီရဲနေသော မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေတာကြောင့် သူမနှလုံးသွေးတွေ ရပ်တန့်သွားရသည်။

"အား!!! .... "

တစ်ဖက်အခန်းမှအော်သံကြောင့် မြတ်နန်းဆက် လန့်နိုးသွားပြီး သူမရဲ့ မိခင်ဆီ စိုးရိမ်တကြီး သွားကြည့်မိသည်။ သူမအခန်းထဲရောက်တော့ ဒေါ်မြတ်မြတ်မှာမူ မောဟိုက်နေဟန် နဖူးမှချွေးတွေစီးကျနေပြီး ထိုင်လျက်အနေအထားဖြင့်ရှိနေသဖြင့် သူမ ပို၍စိုးရိမ်သွားမိပါသည်။

"မာမီ ဘာဖြစ်လို့လဲဟင်"

နန်း ခုတင်ပေါ် တင်ပါးလွှဲဝင်ထိုင်ပြီး ပြောပြောဆိုဆို ရေငဲ့တိုက်လိုက်ပါ၏။ သို့သော် မာမီက ချက်ချင်းပြန်မဖြေနိုင်၊ အမောဖြေနေရ၏။ မာမီ့ပုံစံကိုကြည့်ပြီး ဒက်ဒီပြောပြောနေတဲ့ အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလားဟု တွေးမိရင်း...

"မာမီအိပ်မက်ဆိုးတွေမက်နေတာလား ဘာမှစိတ်ထဲမထားပါနဲ့မာမီရယ် အိပ်မက်ပဲဟာ"

သူမမိခင်မှာ မျက်ရည်တွေစီးကျလာရင်း သူမလက်ကိုဆုပ်ကိုင်ထားသည့် တုန်ရီနေသည့် လက်အစုံကို နန်း ပြန်ထွေးဆုပ်ပေးထား၏။ ပြီးတော့ သူမမျက်နှာကို တွေတွေလေးကြည့်နေကာ...

"ဒါအိပ်မက်ဆိုးမဟုတ်ပါဘူးသမီးရယ်... ဒါက မာမီလုပ်ခဲ့တဲ့အပြစ်က ဒဏ်ခတ်နေတာပါ၊ အရမ်းကိုမှားခဲ့တယ် မာမီကသေသင့်တဲ့သူပါ "

"မဟုတ်တာမာမီကလည်း... ဘာအမှားတွေလုပ်ခဲ့လို့ ဒီလိုပြောရတာလဲ "

"မြေးလေးကိုစွန့်ပစ်ခဲ့မိတဲ့အမှားပေါ့ အခုတော့ မာမီ့မသိစိတ်က မာမီ့ကိုပြန်ခြောက်လှန့်နေပြီသမီး"

"ဟင် ခြောက်လန့်ရအောင် သမီးက သေသွားတာရော သေချာလို့လားမာမီရယ် မာမီ သွေးလေခြောက်ခြားတာနေမှာပါ၊ သမီးလေး အသက်ရှင်နေလိမ့်မယ်လို့ နန်းထင်တယ် နန်းရဲ့ မျှော်လင့်ချက်လေးကိုတော့ မကုန်ဆုံးစေချင်သေးဘူးမာမီ၊ နန်းရဲ့ အပြစ်တွေအတွက် တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းလောက်တော့ သမီးလေးကို ပြောချင်သေးတယ်"

မင်းရဲ့ပိုင်ရှင်Where stories live. Discover now