Part 20 (Unicode)

147 5 0
                                    

မင်းဘုန်းမြတ်ဖုန်းကြိုဆက်ထား၍ အိမ်မှာမေမေတို့မရှိမှန်းသိတာကြောင့် အခန်းထဲအထုပ်ချပြီး အသံကြားလို့ လိုက်ကြည့်မိတော့ ပန်းရုံအခန်းထဲကဖြစ်နေသည်။

ထို့နောက် သူ အခန်းဆီလျှောက်သွားရာ တံခါးဟနေတာမို့ ဖွင့်လိုက်လျှင် ပန်းရုံTVကြည့်နေရာမှ သူ့က်ိုလှမ်းကြည့်ပြီး...

"ရောက်ပြီလား "

"အေး အိမ်မှာရုံတစ်ယောက်ထဲလား"

"ဟင့်အင်း အောက်မှာဘယ်သူမှမတွေ့ခဲ့ဘူးလား အရုပ်...."

"သူအိမ်မှာလား "

ကိုဘုန်းအမေးကို ပန်းရုံ ခေါင်းညိတ်ပြလိုက်ပါသည်။ အရုပ်လေးအိမ်မှာရှိတယ်ဆိုလို့ သူအခန်းထဲကအထုပ်ကို ပြန်ယူပြီိး အောက်ကိုပြေးဆင်းသွားလိုက်သည်။

လိုက်ရှာပေမယ့် မတွေ့၊ ခြံထဲဆင်းကြည့်တော့လည်းမရှိတာကြောင့် ခေါင်းကုပ်လိုက်ပြီး ဟိုရှာဒီကြည့်လုပ်နေရင်းမှ အိမ်နောက်ဘက်ကချယ်ရီပင်အောက်မှာများလားဆိုပြီး ပြေးကြည့်လိုက်မိပါသည်။

ထင်သည့်အတိုင်း သူမကို သစ်ပင်ခြေရင်းမှာ ငုတ်တုတ်ကလေးထိုင်နေတာကို မြင်လိုက်ရပါသည်။

အရုပ်လေး ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ အနောက်မှာ ရပ်ငေးကြည့်နေသည့် ကိုဘုန်းကို တွေ့ရလေသည်။

"ဟင် ကိုဘုန်း ပြန်တောင်ရောက်လာပြီလား"

"အရုပ်လေး ဟာကွာ ကိုရှာလိုက်ရတာမောနေတာပဲ ဒီမှာဘာထိုင်လုပ်နေတာလဲ "

"ဒီလိုပါပဲ"

သူ သူမဘေးကပ်ထိုင်လိုက်ပြီး သူမကိုကြည့်ကာ...

"ကို့အတွက်တော့အိပ်မက်မက်နေသလိုပဲသ်ိလား အရုပ်လေးကလက်ခံလိုက်တယ်လည်းဆိုရော ဝမ်းသာလိုက်တာပြောမနေပါနဲ့၊

ဒီမှာ စေ့စပ်ပွဲမှာအရုပ်လေးဝတ်ဖို့ ကိုယ်ကိုယ်တိုင်ဝယ်လာတာ အဝါရောင်လေးနဲ့အရမ်းလှမှာကိုယ်သိလို့ စမ်းဝတ်ကြည့်ပါလား ဟင်"

သူမ ကိုဘုန်းလက်ထဲက အကျီလေးကို ပြုံးကြည့်ရင်း ခေါင်းအသာခါလိုက်ပါသည်။

မင်းရဲ့ပိုင်ရှင်Where stories live. Discover now