Part 21 (Zawgyi)

27 0 0
                                    

Emergency room ထဲမှထွက်လာသော ဆရာဝန်ကြီးကို မြင်တာနဲ့ အားလုံးစုဝေးသွားကြသည်။

ဒေါ်မြတ်မြတ်မေးမလို့ ပြင်လိုက်ပေမယ့် ဆရာဝန်မှ ခေါင်းခါပြလိုက်တော့ ဒေါ်မြတ်မြတ်ယိုင်လဲသွားသည်။

သောကရှင်း ဖမ်းထိန်း​ပေးထားလိုက်ပြီး...

"နောက်ဆုံးအနေနဲ့ သူစကားပြောချင်နေတယ်ထင်တယ် ဝင်သွားလိုက်ကြပါ"

ဆရာဝန် ထွက်သွားသည်နှင့် အရုပ်လေးတို့ အခန်းထဲဝင်လာခဲ့ကြသည်။ ဖွားဖွားပြောပြထားသဖြင့် မမမြတ်နန်းဆက်က သူမအမေဖြစ်ကြောင်း တအံ့တသြ သိခွင့်ရခဲ့ပါသည်။

အခန်းထဲမှာ သွေးအလိမ်းလိမ်းနဲ့သူမ ပါးပြင်မှာလည်း မျက်ရည်တွေနဲ့ ဒါပေမဲ့ သူမပြုံးနေသည်။

"သမီး သမီးလေး မေမေ့ကို ခွင့်လွှတ်ပါသမီးရယ် "

တိုးညှင်းစွာပြောလာတဲ့ တောင်းပန်သံကြောင့် အရုပ်လေးမျက်ရည်တွေတသွင်သွင်စီးကျလာသည်။

အခုမှတွေ့ရတဲ့မိခင်ရဲ့တောင်းပန်စကားဟာသူမရင်ကို နာကျင်စေသည်။

တစ်ခုခုပြန်ပြောလေမလားလို့ မျှော်လင့်စွာကြည့်နေတဲ့မျက်ဝန်းလေးတွေက အရမ်းကိုအားနည်းနေခဲ့လေပြီ။

"မေမေ "

သူမ ဖက်တွယ်ထားလိုက်ပြီး ရှိုက်ကြီးတငင်ငိုမိသည်။

မေမေလို့သိခဲ့ရပြီး ပထမဆုံးတွေ့ခွင့်ရတဲ့အချိန်ဟာနောက်ဆုံးအချိန်ဖြစ်နေခဲ့တာ သူမအတွက်ဆိုးလွန်းတဲ့ကံတရားပါ။

"မေမေ သမီးလေ မေမေဆိုတာကိုအရမ်းတွေ့ချင်နေခဲ့တာ၊ အခုတွေ့ပြီဆိုတော့ တစ်သက်လုံးအတူနေသွားကြမယ်နော်မေမေ၊ ဖြစ်ခဲ့တဲ့ကိစ္စမှာ မေမေနဲ့ဘာမှမှမဆိုင်ပဲ မေမေသမီးကိုခွင့်လွှတ်ပါလို့ ပြောဖို့မလိုပါဘူးမေမေရယ် "

"သ...မီးးရယ်.."

သူမပါးပြင်လေးကို နမ်းလိုက်ပြီး တစိမ့်စိမ့်ကြည့်နေတဲ့မေမေ့ကို သူမတို့ ကမ္ဘာလေးကနေ ထွက်ခွာမသွားစေချင်ပါ။

"ရှင်း သမီးလေးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် နောက်လည်းစောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံပါရစေ "

မင်းရဲ့ပိုင်ရှင်Where stories live. Discover now