ဇော်အောင်သည် ရုတ်တရက် အဖေ့ကိုသတိရကာ အဖေနေနေကြ စာကြည့်ခန်းလေးထဲ ဝင်လာခဲ့သည်။ အဖေသာရှိရင် ဘယ်လိုများပြောမလဲ..။ ဇော်အောင့်အဖေ ဆုံးသွားသည်မှာ သုံးနှစ်ခန့်ရှိပြီ။ သို့သော်လည်း ထိုစာကြည့်ခန်းလေးမှာ အဖေရှိစဉ်ကအတိုင်း ခြေရာလက်ရာမပျက်..။ ဇော်အောင်လည်း ဆုံလည်ကုလားထိုင်လေးပေါ် ဝင်ထိုင်ကာ အတွေးစများဟာ ဟိုရောက်ဒီရောက်..။
ရုတ်တရက် အံဆွဲလေးကို ဖွင့်ကြည့်မိတော့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ် တွေ့ရသည်။ ဇော်အောင်လည်း စိတ်ဝင်စားကာ စာအုပ်လေးကို လှမ်းယူလိုက်တော့ စာရွက်လေးတစ်ရွက် လွင့်ကျလာသည်။ ထိုစာရွက်လေးမှာ ဟောင်းနွမ်း၍ စာရွက်သားလေးမှာ ဝါကြင့်ကြင့်အရောင်ပင် ဖြစ်နေသည်။ ဇော်အောင်လည်း ခပ်ဖွဖွကိုင်ကာ ဖွင့်ဖတ်ကြည့်လိုက်သည်။
ရက်စွဲလေးမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က...။ တချို့စာကြောင်းတွေက ဘောပင်ဖြင့် ခြစ်ချထားပြီး စာကြောင်းလေးတစ်ကြောင်းသာ မူလအတိုင်းကျန်သည်။ ကြည့်ရတာ အကြမ်းရေးထားသည့်ဟန် တူသည်။
' ချစ်ရပါသော ခင်နွယ်... ကိုယ်တောင်းပန်ပါတယ်.. ကိုယ်တို့ မပတ်သက်ဘဲနေကြရအောင်.. ကိုယ့်မှာ သားလေးလဲရှိတော့ သူ့ဘဝအတွက် စဉ်းစားပေးရ..'
ထိုစာကြောင်းကို ဘောပင်ဖြင့် ခြစ်ထားသည်။ ဆက်မရေးထား..။ ဇော်အောင်လည်း နားမလည်နိုင်ဘဲ အောက်က စာကြောင်းကို ဖတ်လိုက်သည်။ ထို့နောက် ထိုစာရွက်ပါးလေးမှာ အောက်သို့ ဝေဝဲကျသွားသည်။
' ခင်နွယ်.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ့်ပျော်ရွှင်မှုအတွက် သူတစ်ပါးအသိုက်အမြုံကို မဖျက်ဆီးပါနဲ့.. ကိုယ်တို့ ဆက်ပြီး မပတ်သက်ဘဲနေရအောင်...'
ဇော်အောင်သည် ထိုနေရာမှာပင် ဆွံ့အကာ အကြာကြီးရပ်နေမိသည်။ နွယ့်အမေနာမည်နဲ့ နွယ်ပြောတဲ့စကားတွေ.. ဧကန္တ..။ ဧကန္တ...။ မ.. မဟုတ်နိုင်ပါဘူး..။
ဇော်အောင်သည် တစ်ယောက်ထဲ ခေါင်းခါလိုက် ခေါင်းညိမ့်လိုက်ဖြင့် အရူးမီးဝိုင်းသဖွယ် ဖြစ်နေခဲ့သည်။
' တိုက်ဆိုင်တာပါ...'
ဟုတွေးကာ သက်ပြင်းတစ်ချက် ချပြီးသော်လည်း တိုက်ဆိုင်မှုများသည် အရမ်းကို ပီပြင်လွန်းလှသည်။ ထို့နောက် ထိုစာကို အသည်းအသန်လိုက်ရှာကာ နောက်တစ်ခေါက် ပြန်ဖတ်သည်။ မြင်နေရသည့်စာများမှာ ဝေဝါးလျက်..။ ရုတ်တရက် ဆတ်ခနဲပြန်ထကာ..
![](https://img.wattpad.com/cover/283679578-288-k470738.jpg)
ESTÁS LEYENDO
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊