အသက်ဆယ့်လေးနှစ်အရွယ်မှာရေးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကိုစာဖတ်သူများထံ ချပြဖို့အတော်စဉ်းစားခဲ့ရပါသည်။ အခုချိန်ပြန်ဖတ်ကြည့်တော့ တစ်ခုခုလိုနေသလိုလို မပြည့်မစုံဖြစ်နေသလိုလို ခံစားရင်း.... အင်း.... တစ်ခုခုတော့လိုတယ်ပေါ့....၊
ဘာလိုလဲဆိုတာကတော့ အတွေ့အကြုံ...၊
ကျွန်မပထမဆုံးရေးခဲ့တဲ့ဝတ္ထုဟာ အရမ်းကိုကလေးဆန်ပြီး ရယ်ချင်စရာကောင်းလွန်းလို့ နှစ်ခေါက်တောင်ပြန်မဖတ်ရဲပါဘူး။ ကျွန်မသူငယ်ချင်းတွေ ဘယ်လိုစိတ်နဲ့အားပေးခဲ့လဲတော့မသိဘူး ကျွန်မကတော့ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ရယ်ချင်နေပါရော...၊
"နွယ်" ဝတ္ထုလေးကတော့ ပြန်ဖတ်တဲ့အခါ သူ့အတိုင်းအတာနဲ့သူ ခံစားချက်ငွေ့ငွေ့လေးတွေ ဖြစ်စေတာမို့ သိပ်မဆိုးလှဟု ကိုယ့်ဘာသာချီးကျူးမိပေသည်။
အခုလေးနှစ်ကြာပြီးတဲ့နောက် လက်ရေးမူလေးကိုစာစီစာရိုက် ပြန်လုပ်တဲ့အခါ တချို့နေရာလေးတွေ ဖြည့်ရေးချင် ပြင်ချင်လွန်းလှသော်လည်း မနည်းသည်းခံခဲ့ပါသည်။ ကျွန်မကတော့ ထိုအချိန်တုန်းကဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်လေးအတိုင်း စီးမျောခဲ့တဲ့ကျွန်မရဲ့လက်ရာလေးကို ဒီတိုင်းသာထားခဲ့ချင်ပါသည်။ စာလုံးပေါင်းသတ်ပုံအမှားတွေကိုသာ ပြန်လည်ပြင်ဆင်ပြီး နောက်ဆုံးမှာတော့ စာဖတ်သူများထံရောက်ရှိလို့ လာခဲ့ပါပြီ...၊
ဒီနှစ်ထဲမှာ wattpad ထဲစရောက်လာတာ တစ်နှစ်ပြည့်ခဲ့ပါပြီ...၊ အစကတော့ ဘာရယ်မဟုတ်အများကြီးလည်း မျှော်မှန်းပြီးရေးခဲ့တာမျိုးဟုတ်ပေမယ့် နှစ်သက်တဲ့သူလေးတွေ တစ်ယောက်စနှစ်ယောက်စ ရှိလာတဲ့အတွက် အားတက်ရပါတယ်...၊
အရမ်းကြီးအောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက် မဟုတ်ပေမယ့် တစ်ချိန်မှာတော့ လူအများကနှစ်သက်လက်ခံကြတဲ့ အတိုင်းအတာထိရောက်အောင် အောင်မြင်လာတဲ့အထိ ကြိုးစားသွားပါအုံးမည်...။"ချစ်ရပါသောနွယ်..." တဲ့.....၊
နွယ်ပင်တွေဟာ တစ်ကိုယ်တည်းမထောင််မတ်နိုင်လို့ တစ်ပါးသူပေါ်အမှီပြုကာ တွယ်ကပ်ရှင်သန်ကြရတယ်...၊ စိမ်းမြနွယ်ကတော့ အလဲလဲအကွဲကွဲဖြစ်နေတဲ့ဘဝမှာ ကူကယ်ပေးခဲ့တဲ့အချိန် ဖြစ်တည်ခဲ့တဲ့ခံစားချက်လေးတွေကို အချစ်လို့အမည်တပ်ခဲ့တယ်...၊
လောကဓံလှိုင်းတံပိုးကြားမှာ ရပ်တည်ဖို့အနိုင်နိုင် ရှင်သန်ခဲ့ရတဲ့နွယ်ဟာ အချစ်ဆိုတဲ့စကားလုံးတွေအပေါ်မှာ ထင်ယောင်ထင်မှားဖြစ်ခဲ့ရတယ်...။
စိမ်းမြနွယ်တစ်ယောက် ဘယ်လိုရှင်သန်ပါလိမ့်မလဲ?ယူ့ဧကရာဇ်♢
ESTÁS LEYENDO
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊