Part 8(Unicode)

692 55 0
                                    

.နွယ့်တစ်ကိုယ်လုံး သိမ့်ခနဲတုန်ကာ နာကျင်ခဲ့သော်လည်း.. နွယ် မျကိရည်တစ်စက်မကျခဲ့..။ မျက်ရည်ကျခြင်းသည် အရှုံးပေးခြင်းဖြစ်သည်.. တဲ့..။ ဟင့်အင်း.. နွယ်မရှုံးဘူး.. နွယ်လုံးဝမရှုံးဘူး...။

နွယ်သည် ခံစားချက်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ထိုနေရာမှ လှည့်ပြန်မည်ကြံစဉ် လက်သန်းလေးကို တစ်ချက်စမ်းမိသွားသည်။

' အဟက်.. ရှင်ကတော့ ထားခဲ့ဖို့ဘဲ ကြံခဲ့တာ.. ကျွန်မကတော့ ရှင့်ကို တကယ်ထားသွားမှာ..'

နွယ်သည် ခပ်အက်အက်တွေးကာ တံခါးကို ဆွဲဖွင့်လိုက်သည်။ ကိုဇော်က နွယ့်ကိုမြင်တော့ မျက်စိပျက်မျက်နှာပျက်ဖြင့် ထိတ်လန့်သွားကာ.. ကိုဇော့်အမေကတော့ နွယ့်ကို ရန်တွေ့ဖို့အသင့်ပင်။

' အော်... မင်းမဟုတ်လား..။ ငါ့သားကို မြှူဆွယ် အပိုင်သိမ်းပြီး.. ကပ်စားဖို့ ကြံခဲ့တာမဟုတ်လား..။ မင်းတို့လိုမိန်းမတွေက သိပ်ကြောက်စရာကောင်းတယ်..'

နွယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရာမှ ဟက်ခနဲ ခပ်အက်အက်ရယ်လိုက်ရင်း

' ဟုတ်တယ်.. ရှင်ပြောသလိုဘဲ.. ကပ်စားဖို့ ကြံခဲ့တာ.. ကိုယ့်ကိုယ်ကိုယ်တော့ ပိုင်လှပြီထင်ခဲ့တာ...'

နွယ်က ဇော်အောင့်ကို မာမာထန်ထန်စိုက်ကြည့်ရင်း

' တကယ်တော့ နစ်နာခဲ့တာ ကျွန်မပါ.. အစစ်အမှန်တွေရင်းပြီး အတုအယောင်တွေ ပြန်ရခဲ့တာ..'

ဇော်အောင့်အမေက ဆတ်ခနဲထကာ နွယ့်ရှေ့မှာ ရပ်လိုက်သည်။

' မင်း... တော်တော်အတင့်ရဲပါလား.. သူများအိမ်ထဲလဲ လွန်လွန်ကြူးကြူး ဝင်လာသေးတယ်.. ငါကတော့ အဆင့်အတန်းမရှိတဲ့သူတွေနဲ့.. ငါ့သားကို ဘယ်တော့မှ မပေးစားနိုင်ဘူး..'

ဟုဆိုရင်း ဆိုဖာပေါ်တွင် ပြုံး၍ထိုင်နေသော ထိုမိန်းကလေးဆီသွားကာ ပုခုံးလေးကို ပုတ်လိုက်သည်။ သူမကလည်း နွယ့်ကို ရွံရှာသောအကြည့်.. အထင်သေးသောအကြည့်များဖြင့် စူးစူးရှရှကြည့်၍ မဲ့ပြုံးပြုံးလိုက်သေးသည်။

နွယ်ကတော့ ဒေါသစိတ်များ၊ ဝမ်းနည်းသည့်စိတ်များအပြင်.. တစ်ဘဝလုံး အနှိမ်ခံလာရသောအဖြစ်ကို တွေးကာ ကိုယ့်ကိုယ်ကိုယ် သိပ်နာကျည်းမိသွားသည်။ နွယ်သည် မျက်ရည်မကျသော်လည်း မျက်လုံးထောင့်များရဲကာ အံကိုတင်းတင်းကြိတ်ရင်း.. ဇော်အောင့်ကို လက်ညှိုးထိုးကာ ခပ်ခြောက်ခြောက်ရယ်လိုက်သည်။

ချစ်ရပါသောနွယ်Where stories live. Discover now