Part 6(Unicode)

706 57 0
                                    

နွယ်သည် ပန်းခြံထဲက သစ်သားခုံလေးပေါ်မှာထိုင်ရင်း ကောင်းကင်ကြီးကို ငေးမောနေမိသည်။

ကြယ်လေးတွေဟာ ဟိုတစ်စ.. ဒီတစ်စ..။ ပို၍ထင်းကာလက်နေသော ကြယ်လေးနှစ်လုံးကြားမှာ ကြယ်သေးသေးလေးသုံးလုံး ခံနေသည်။ နွယ်သည် လက်ကလေးကိုဆန့်.. လက်ညှိုးလေးထောင်ကာ ကြယ်တွေကိုလိုက်ဆက်ပြီး ပုံဖော်နေမိသည်။ လမင်းကြီးကတော့ ပြည့်ပြည့်ဝိုင်းဝိုင်းကြီးမဟုတ်ဘဲ တစ်ခြမ်းပဲ့လေး..။ လေတစ်ချက် ဝေ့တိုက်တော့ ဖြည်ချထားသော နွယ့်ဆံနွယ်တွေဟာ လွင့်ပါသွားသည်။

နွယ်သည် ရုတ်တရက် အဝင်ဝတံခါးနားကို လှမ်းကြည့်မိတော့ ရေသန့်ဘူးလေးကိုင်ကာ လျှောက်လာသော ကိုဇော့်ကို လှမ်းမြင်လိုက်သည်။ ' ဝါး.. သူက တကယ်ကြည့်လို့ကောင်းတယ်..' ဟု စိတ်ထဲမှာတွေးမိတော့ တစ်ယောက်ထဲပြုံးမိသည်။ ကိုဇော်က နွယ့်ဘေးနားဝင်ထိုင်ကာ.. ရေသန့်ဘူးလေး ကမ်းပေးသည်။ နွယ်က လှမ်းယူကာ အားပြင်းပြင်းနှင့် လှည့်ဖွင့်သော်လည်း လက်ကချော်နေသဖြင့် ဖွင့်မရ..။ ကိုဇော်က ရယ်ကျဲကျဲဖြင့် လှမ်းယူကာ တစ်ချက်ထဲ လှည့်ဖွင့်လိုက်သည်။

' နွယ်က လက်သီးထိုးရင်သာ အားရှိတာ.. ရေဘူးဖွင့်ရင်တော့ အားမကျန်တော့ဘူးဘဲ...'

နွယ်လည်း ရှက်လဲရှက်၊ ရယ်လည်းရယ်ချင်ကာ ရေဘူးကို တစ်ဝက်ကုန်သည့်အထိ မော့ချလိုက်သည်။

' နွယ့်အမေ အခြေအနေဘယ်လိုလဲ..'

' အမောဖောက်တာတဲ့... ဆေးရုံရောက်တာ အချိန်မမှီရင် အသက်တောင်ဆုံးနိုင်တယ်တဲ့..။ အခုတော့ သတိမရသေးဘူး..'

နွယ်တို့နှစ်ယောက်လုံး ကိုယ်စီ သက်ပြင်းချမိသည်။

' နွယ်လည်း တော်တော်ပင်ပန်းသွားမှာဘဲ.. ငိုလိုက်ရတာ..'

နွယ်က ခေါင်းကိုငုံ့ကာ လှစ်ခနဲပြုံးလိုက်ပြီး

' နွယ့်မှာ တွယ်တာစရာဆိုလို့ ဒီအမေတစ်ယောက်ဘဲ ရှိတာလေ.. ဆွေမျိုးတွေလဲ မရှိဘူး.. သိလည်းမသိဘူး..။ အဖေက ဘယ်သူမှန်းလဲမသိဘူး...'

ကိုဇော်က နွယ့်ကို စာနာစွာကြည့်ကာ ဘာမှဆက်မပြောပေ။ တစ်ခါတစ်လေ တိတ်ဆိတ်နေခြင်းက အကောင်းဆုံး စိတ်ဖြေရာပင်ဖြစ်သည်။

ချစ်ရပါသောနွယ်Where stories live. Discover now