လင်းထိုက်သည် ရှေ့တွင်ရှိသော အထပ်မြင့်တိုက်ကြီးကို မော့ကြည့်ကာ ဆံပင်ကိုသေချာသပ်ရင်း အဆောက်အအုံထဲ ဝင်လာခဲ့သည်။
လင်းထိုက်သည် ရှော့ပဲန်ဘောင်းဘီအညိုလေးနှင့် T-shirt လေးဝတ်ကာ sneaker အနက်ရောင်လေး စီးထားသည်။ ထို့နောက် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ဘေးပတ်ဝန်းကျင်ကိုစူးစမ်းရင်း ကောင်တာရှေ့ရောက်သွားသည်။
' ဒီမှာ... ဒေါ်ကြာဖြူနဲ့တွေ့ချင်လို့ပါ..'
' အော်.. ဟုတ်ကဲ့ရှင့်.. သူဌေးကတော်ရဲ့တူလား မသိဘူး.. ရုံးခန်းထဲမှာစောင့်နေပါတယ်.. လိုက်ပြပေးရမလားရှင့်...'
' နေပါစေ.. ကိုယ့်ဘာသာကိုယ်သွားလိုက်မယ်..'
လင်းထိုက်လည်း ရုံးခန်းထဲကို လျှောက်လာခဲ့သည်။ လွန်ခဲ့သောသုံးနှစ်လောက်က ဒေါ်လေးမင်္ဂလာဆောင်တွင် တစ်ခါရောက်ဖူးသဖြင့်.. အခန်းတွေကို သိနေခဲ့သည်။ သို့သော်လည်း ယခုအချိန်ထိ ထိုမင်္ဂလာဆောင်က သတို့သားကို မမြင်ဖူးသေး..။
' လင်းထိုက်.. ရောက်ပြီလား.. ထိုင်ဦးလေ...'
လင်းထိုက်က အခန်းဝမှာပင်ရှိသေးသည်.. ဒေါ်လေးကတော့ ဖော်ဖော်ရွေရွေ စကားအရင်စသည်။
လင်းထိုက်၏ဒေါ်လေးမှာ မြန်မာဆန်ဆန်.. ရိုးရိုးယဉ်ယဉ်လေးနှင့် အမြဲတမ်းကြည့်လိုက်တိုင်း ကြည်လင်နေသည်။ ဒေါ်လေးမှာ ခပ်အေးအေးပင်နေတတ်ကာ စကားလည်းနည်းသည်။ သို့သော်လည်း ပေါင်းသင်းဆက်ဆံရေးကောင်းသည်။ ဖော်ရွေသည်။ ဒေါ်လေးသည် နက်မှောင်သောဆံပင်အရှည်လေးကို ကျစ်ဆံမြှီးလေးကျစ်ကာ ယဉ်ယဉ်လေးနှင့်လှနေသည်။
လင်းထိုက်လည်း ပြုံးပြကာ ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။
' သား.. အခုဘယ်မှာနေတာလဲ..'
' ဒီနားလေးက ကွန်ဒိုမှာ...'
' ဟုတ်လား.. လိုတာရှိရင်ပြောနော်..။ ဒေါ်လေးကူညီပေးမယ်..'
' ဟုတ်ကဲ့ပါ.. ဒေါ်လေး..'
' မင်းအမေက မင်းကို စိတ်မချဖြစ်နေတာ..။ ဂရုစိုက်ပေးပါဆိုပြီး တတွတ်တွတ်မှာနေတာ...'
လင်းထိုက်က တစ်ချက်ရယ်ကာ
' ကျွန်တော်က ကလေးမှမဟုတ်တာ.. ဒေါ်လေးရယ်..'
أنت تقرأ
ချစ်ရပါသောနွယ်
عاطفيةတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊