Part 18 Final(Unicode)

2.4K 72 1
                                    

နွယ့်အကြောင်းတွေးမိတိုင်း ရင်ထဲမှာပူပန်မိတာ‌တော့ အမှန်ပင်။ နွယ်သာ အဖြစ်မှန်ကိုသိရင် ဘယ်လောက်ခံစားလိုက်ရမလဲ။ ကာနေးရှင်းပန်းစည်းကြီး ပေးသွားတဲ့သူကလည်း အဲ့ဒီလူကြီးဘဲဆိုတာ လင်းထိုက်သိသည်။

လင်းထိုက်သည် ဘယ်နှကြိမ်မြောက်မှန်းမသိ.. ဝန်းရံတာဘက်ထွက်ကာ နွယ့်အခန်းလေးထဲ ငေးကြည့်ပြန်သည်။ ရုတ်တရက် ဖျတ်ခနဲမီးလင်းလာသဖြင့် နွယ်ပြန်လာပြီဆိုတာ သိလိုက်သည်။ လင်းထိုက်သည် ခပ်ဝေးဝေးကိုငေးကြည့်ရင်း နွယ်ထွက်လာမည့် အချိန်ကိုသာ စောင့်နေမိသည်။

နှင်းဆီပန်းအနီလေးရဲ့ အဓိပ္ပာယ်ကို နွယ်သိမှရမည်..။

ရုတ်တရက် ညှိုးငယ်စွာထွက်လာ‌သော နွယ့်ကိုမြင်တော့ လင်းထိုက်လည်း ပြောထွက်မည့်စကားလုံးများ ပျောက်ဆုံးသွားသည်။

' နွယ်.. အဆင်ပြေရဲ့လား...'

နွယ်က ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်နေသည်။

' နွယ်.. ဘာတွေဖြစ်ခဲ့တာလဲ..'

နွယ်က ခပ်အက်အက်ရယ်ကာ

' အမှန်တရားကို သိသွားတာ..။ နားလည်သွားတာ..။ လက်ခံသွားတာ..။ ကိုယ်ဘာလုပ်သင့်မှန်း သဘောပေါက်သွားတာ..'

' နွယ်..ရယ်...'

ဟုပင် ရေရွတ်ကာ ငေးကြည့်‌နေမိသည်။ နွယ်က ဆွေးရီစွာဖြင့်

' မိတ်ဆွေအပေါင်းအသင်းသာများတာ.. တကယ်တမ်း မွန်းကြပ်လာရင် ရင်ဖွင့်စရာသူမရှိဘူး..။ သူငယ်ချင်းတွေသာများတာ.. ကိုယ်က တကယ်ခံစားရရင် နှစ်သိမ့်ပေးမယ့်သူမရှိဘူး..။ အုပ်စုဖွဲ့ပြီး ရယ်မဲ့သူဘဲရှိတယ်...။

ကိုယ်က အမြဲတမ်း လိုသုံးဘဲဖြစ်ခဲ့တာ..။ ကိုယ်လိုအပ်လာ‌တော့ အစစ်အမှန်တစ်ယောက်မှ မကျန်ခဲ့ဘူး...'

လင်းထိုက်က နွယ့်ကိုကြည့်ကာ

' ကျွန်တော်ရှိတာဘဲ..။ တစ်လောကလုံးက နွယ့်ကို အပြစ်တင်ကြရင်တောင်.. ကျွန်တော်က နွယ့်ဘက်မှာဘဲ ရှိနေမှာပါ..။ ဒါတွေက.. သာမန်ခံစားချက်မဟုတ်မှန်း နွယ်သိသင့်တယ်..'

နွယ်က လှစ်ခနဲပြုံးလိုက်ပြီး

' တစ်ယောက်ယောက်က ကိုယ့်ကို အမြဲတမ်း ချစ်နေမယ်လို့ ထင်လား..။

ချစ်ရပါသောနွယ်Where stories live. Discover now