Part 3 (Unicode)

857 60 0
                                    

နွယ်သည် ဒေါသတွေငယ်ထိပ်ရောက်ကာ ကိုယ့်ထမင်းကိုယ်စားပြီး သူများကိစ္စဝင်စွက်ဖက်သော ဂျစ်ကန်ကန်ကောင်လေးကို လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးချလိုက်သည်။ ကျောင်းသားများကလည်း နွယ့်ဘေးနားကနေ အဝေးသို့ရှဲသွားကာ.. ခပ်ဝေးဝေးကပင် ဝိုင်းအုံပြီးကြည့်နေကြသည်။ ထို့နောက် ဆရာမဝင်လာကာ..

' ဟယ်.. ဘာဖြစ်ကြတာတုန်း...'

အထိုးခံရသောကောင်လေးက မြေပြင်ပေါ်က လူးလဲထကာ သွေးစနည်းနည်းစွန်းသော နှုတ်ခမ်းကို လက်ဖြင့်ထိရင်း..

' ဆရာမ.. သားကို အဲ့ဟာမ ထိုးတာ..'

နွယ်ကတော့ ခေါင်းကိုမော့၊ ရင်ကိုကော့ကာ ခပ်ပေပေပင် အဝေးတစ်နေရာကို စိုက်ကြည့်နေလိုက်သည်။ ဆရာမက နွယ့်ရှေ့လာကာ..

' သမီး... သူ့ကို ဘာလို့ထိုးလိုက်တာလဲ..'

နွယ်က အံကိုတင်းတင်းကြိတ်ကာ ဘာမှပြန်မပြော..။ ထိုစကားကို နွယ့်ပါးစပ်ကထွက်ဖို့ရာ အားမရှိ။ နွယ် ငိုမိလိမ့်မည်..။ အမေကပြောဖူးတယ်.. ငိုတဲ့သူက အရှုံးတဲ့။ နွယ် အရှုံးမခံပေ...။

မကြာခင် ကျောင်းရုံးခန်းထဲသို့ နွယ်ထိုးလိုက်သော ကောင်လေး၏မိဘများ ရောက်လာကာ သူတို့သားလေးကို ကြည့်ရင်း..

' ကျွတ်ကျွတ်.. သားရယ် ဘယ်လိုဖြစ်ရတာလဲ..'

ဟု ဆိုရင်း ဆေးထည့်ပေးနေကြသည်။ ထိုသူတို့မှာ ပြည့်ပြည့်စုံစုံမရှိကြသော်လည်း.. မေတ္တာတရားအားဖြင့် နွေးနွေးထွေးထွေးရှိကြပေသည်။

နွယ်က သစ်သားခုံယိုင်နဲ့နဲ့လေးမှာ ထိုင်ရင်း ထိုမြင်ကွင်းကိုငေးနေမိသည်။ အဖေက ခေါင်းလေးကိုပွတ်ကာ.. အမေက မျက်နှာလေးကိုသပ်ရင်း.. ဂျစ်ကန်ကန်လေးကတော့ ရှုံ့မဲ့ကာ ချွဲပြနေသည်။ ထို့နောက် ထိုကောင်လေးက ဘာပြောလိုက်မှန်းမသိ.. သူ၏မိဘများက နွယ့်ဘက်လှည့်ကာ..

' မင်းလား... ငါ့သားကိုထိုးလိုက်တာ..'

နွယ်က ထုံပေပေဖြင့် ဘာမှပြန်မပြောဘဲ အပေါက်ဝကို လှမ်းကြည့်နေလိုက်သည်။

' အထီးကျန်လိုက်တာ အမေရယ်..။ မြန်မြန်လာပါတော့...။ ငိုလို့ရှုံးရမယ်ဆိုရင်လဲ အမေ့ရင်ခွင်ထဲမှာဘဲ ရှုံးချင်ပါတယ်..'

ချစ်ရပါသောနွယ်Where stories live. Discover now