လင်းထိုက်သည် ကွန်ဒိုကားပါကင်သို့ ချိုးဝင်လိုက်စဉ် လုံခြုံရေးနှင့်စကားပြောနေသော လင်းထိုက်သူငယ်ချင်း ကျော်ဇင်နှင့် အောင်သူကို လှမ်းမြင်လိုက်သည်။
' ဟာ.. ဒီကောင်တွေ.. အကြောင်းမကြား ဘာမကြား...'
ဟု စိတ်ထဲမှာတွေးရင်း ဘီယာပုလင်းတွေပါ မြင်သဖြင့် ' တစ်ညလုံးပြန်ကြတော့မှာမဟုတ်ဘူး..' ဟု ရေရွတ်ရင်း သက်ပြင်းချမိသည်။
ပြဿနာက နွယ်နှင့်အိမ်ချင်းကပ်ရပ်မို့.. ဟိုကောင်တွေမူးပြီး သောင်းကျန်းလျှင် နွယ် အိပ်မရဖြစ်လိမ့်မည်။ လင်းထိုက်က နွယ့်ဘက်ကိုလှည့်ကာ
' နွယ်.. အရင်တက်နှင့်..။ ကျွန်တော်.. ကားထဲမှာ ပစ္စည်းရှာရအုံးမှာမို့လို့..'
နွယ်က ခေါင်းညိမ့်လိုက်ပြီး ကားပေါ်ကဆင်းကာ ဓာတ်လှေကားပေါ် တက်သွားသည်။ ထိုအခါမှ လင်းထိုက်က အောင်သူနှင့်ကျော်ဇင့်ဆီ လျှောက်သွားကာ
' ဟေ့ကောင်တွေ.. ဘာလာလုပ်တာလဲ..'
' အိမ်တက်ပွဲလာလုပ်ပေးတာ...'
ဟုဆိုကာ ဘီယာပုလင်းနှင့် ခေါက်ဆွဲကြော်ထုပ်တွေ မြှောက်ပြသည်။
' မင်းတို့ကလည်း.. အကြောင်းမကြားဘာမကြား..'
' ဟေ့ကောင်.. မင်းဘဲ အရင်တုန်းက လာချင်တဲ့အချိန်လာဆို.. အခုမှ နှင်ထုတ်နေတာလား..။ ဒီလုံခြုံရေးကြီးက ငါတို့ကိုမယုံလို့ မင်းရှင်းပြလိုက်အုံး..'
လင်းထိုက်လည်း အားနာနာနှင့် ကားဆီခေါ်ထုတ်လာကာ
' ဆိုင်သွားသောက်မယ်.. တက်..'
' အပြန်က ကား ဘယ်သူမောင်းမှာလဲ..'
' မင်းနော်.. မရိုးသားဘူး..။ မင်းအိမ်မှာ ဘယ်ကောင်မလေး ဖွက်ထားလို့လဲ...'
လင်းထိုက်လည်း ခေါင်းကုတ်ကာ သက်ပြင်းတစ်ချက်ချရင်း
' ဘယ်ကသာ.. မဟုတ်ပါဘူး..'
' အဲ့တာဆို ငါတို့တက်ပြီနော်..'
ဟု ပြောပြောဆိုဆိုနှင့် ဓာတ်လှေကားဆီ လျှောက်သွားကြသည်။ လင်းထိုက်လည်း ဘယ်လိုမှတားမရသည့်အဆုံး လက်လျှော့ကာ လိုက်လာခဲ့ရသည်။
YOU ARE READING
ချစ်ရပါသောနွယ်
Romanceတစ်ပါးသူတစ်ယောက်ကို အမှီပြုပြီးမှရှင်သန်ရတဲ့ဘဝမျိုးကို မင်းသိလား...၊ ခပ်မြင့်မြင့်ရောက်ချင်လွန်းလို့ တွေ့ကရာဖက်တွယ်ပြီး ရှင်သန်ရတဲ့နွယ်မျှင်တွေနဲ့တော့ တို့ကမတူဘူး ကိုယ်ဟာ တိမ်မျှင်တွေပေါ်က စိမ်းမြနွယ်...၊