Part 12(Unicode)

609 51 0
                                    

' ဟေ့ကောင်.. ဟိုမှာ မင်းဟာကြီးလာပြီ..'

လင်းထိုက်က အောင်သူနှင့်ကျော်ဇင်တို့ ညွှန်ပြသည့်ဘက်ကိုကြည့်မိတော့.. မနေ့ညကလို ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စည်းကာ ဗမာဝတ်စုံ မိုးပြာရောင်ဝမ်းဆက်လေးဖြင့် လွယ်အိတ်ကလေးလွယ်ကာ ခပ်ကြော့ကြော့‌လျှောက်လာသော နွယ့်ကို တွေ့လိုက်သည်။ လင်းထိုက်က ခေါင်းတစ်ချက်ခါကာ မျက်နှာပြန်လွှဲလိုက်သည်။

' မင်းတို့မသိဘဲ လျှောက်မပြောနဲ့.. သူနဲ့ငါက လုံးဝအလက်ဂျစ်ဘဲ...'

' မင်းနဲ့သူနဲ့ စကားတောင်ပြောဖူးတာကျနေတာပဲ..'

' မင်းတို့မသိတာလေးတွေရှိတယ်..'

' ဟေ့ကောင်.. ငါတို့ကူညီရမလား...'

' ဘာကိုလဲ..'

လင်းထိုက်က ဘာမှန်းမသိစဉ် ဟိုကောင်နှစ်ကောင်က ဝုန်းခနဲတွန်းချလိုက်သဖြင့် တစ်ဖက်စင်္ကြံဆီ ချိုးကွေ့လာသောနွယ်နှင့် တိုက်မိသွားသည်။ ဟိုနှစ်ကောင်ကတော့ အလိုက်သတိ လစ်သွားလေပြီ..။

နွယ်ကတော့ လင်းထိုက်ကိုပင် မကြည့်ဘဲ ပြုတ်ကျသွား‌သောစာအုပ်ကို ပြန်ကောက်ကာ ဆက်လျှောက်သွားသည်။ လင်းထိုက်လည်း စိတ်ကူးပြောင်းကာ စချင်စိတ်ဖြစ်လာသည်။ လင်းထိုက်မှာတော့ ဘယ်လိုအစချီ၍ နှုတ်ဆက်ရမယ်မှန်းမသိဖြစ်ကာ နွယ့်နောက်က ကပ်လိုက်လာပြီး

' မင်္ဂလာပါ.. မပွတ်ကျွတ်..'

' ဘာ....'

နွယ်က ထိုအသံကိုမှတ်မိကာ မျက်လွှာပင့်ကာ ကြည့်လိုက်တော့ ထုံးစံအတိုင်း ပုဆိုးနှင့် ရှပ်အင်္ကျီဖြူလွလွကို လက်တစ်ဝက်ခေါက်တင်ထားသော လင်းထိုက်ကို တွေ့သည်။ နွယ်ကဘာမှမပြောခင် လင်းထိုက်ကပင် စကားဆက်ကာ

' ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်..။ ဟို.. အဆိုတောင်ရှိသေးတယ်.. တစ်ခါတွေ့ရင် တိုက်ဆိုင်တာ.. နှစ်ခါတွေ့ရင် ရေစက်.. သုံးခါတွေ့ရင်..'

လင်းထိုက် စကားမဆုံးခင် နွယ်က စိတ်မရှည်စွာဖြင့် ခပ်ပြတ်ပြတ် ဝင်ပြောမိသည်။

' ဝဋ်ကြွေး.. ဝဋ်ကြွေး...'

ဟုဆိုကာ ချာခနဲလှည့်ထွက်လာခဲ့သည်။

ချစ်ရပါသောနွယ်Where stories live. Discover now