Part 14(Unicode)

587 45 0
                                    

မိုးစက်မိုးပေါက်တို့သည် ကောင်းကင်ရှိ တိမ်မည်းများမှ အရှိန်အဟုန်ပြင်းစွာ ကြွေကျလာသည်။ ကောင်းကင်တစ်ခုလုံး မည်းမှောင်ကာ တစ်ချက်တစ်ချက် လျှပ်စီးလက်လျှင် ဝင်းခနဲ လင်း၍သွားသည်။

နွယ်၏မနက်ခင်းသည် ဂျိန်းခနဲမည်သော မိုးခြိမ်းသံနှင့်အတူ စတင်လာခဲ့ပါသည်။ နွယ်လည်း ဖျတ်ခနဲ လန့်နိုးလာပြီး နာရီကိုလှမ်းကြည့်တော့ ခြောက်နာရီပင်မထိုးသေး..။

နွယ်က ဝန်းရံတာကိုထွက်ရန် တံခါးကို တွန်းဖွင့်လိုက်တော့ ခက်ထန်စွာတိုက်ခတ်နေသော မုတ်သုံလေနှင့်အတူ.. မိုးစက်ကြွေများ နွယ့်မျက်နှာသို့ လာစင်သည်။ နွယ်သည် ဝန်းရံတာဘောင်လေးကိုကိုင်ကာ လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သောအခါ မိုးစက်များက နွယ့်လက်ဖဝါးပေါ် လာစုတင်သည်။ ထို့နောက် အောက်ကိုပြန်စီးကျသွားသည်။

ရေတွေက ထူးဆန်းသည်။ အမြဲတမ်း နိမ့်ရာမှာသာနေသည်။ ရေတွေဟာ.. ရေ‌ခဲတောင်တွေကနေ စတင်ပြီး ရေတံခွန်အဖြစ်၊ မိုးရေအဖြစ်၊ နှင်းတွေအဖြစ် အောက်သို့သက်ဆင်းသည်။ ထို့နောက် အနိမ့်ဆုံးပင်လယ်ထဲသို့ စီးဝင်ကြသည်။

လူတွေကတော့ မတူဘူး..။ အမြင့်သို့တက်ကြသည်။ အမြင့်ဆုံးဆိုသည့်နေရာ ရောက်သည့်အချိန်မှာတောင် လှမ်းခုန်ကာ.. မြင့်လိုရာကို ဖမ်းဆွဲတတ်ကြသည်။

လူနှင့်‌ရေသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘာလို့လူတွေက နိမ့်ရာမှာ မနေချင်ကြပါလိမ့်..။ အဖြေတွေ အများကြီးစဉ်းစားမိလိမ့်မည်။ သို့သော်လည်း တိကျတဲ့အဖြေတော့ မရပေ..။ နွယ်ကိုယ်တိုင်လည်း နိမ့်ရာကနေ မြင့်တက်လာတာမဟုတ်ပါလား..။

နွယ်သည် သဘာဝလေ၏ အငွေ့အသက်ကို တစ်ဝကြီးခံစားပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ နွယ့်၏ဖုန်းမည်သံသည် မိုးသံတွေနှင့်အတူ လုံးထွေးထွက်ပေါ်လာသည်။ နွယ်လည်း ဖုန်းကိုကိုင်ကာ ဆိုဖာပေါ် ပစ်ထိုင်လိုက်သည်။

' မမလေး.. နိုးပြီလား..'

' နိုးလို့ မိုးစံနဲ့ပြောနေတာပေါ့..'

' ဟဲဟဲ ဟုတ်သားဘဲ... ဒီနေ့ကျောင်းသွားမှာလား..'

' အခြေအနေအရဘဲ.. မိုးတွေဒီလောက်သည်းနေတာ...'

ချစ်ရပါသောနွယ်Where stories live. Discover now