Thank you all ♥️

561 30 0
                                    

နောက်ဆုံးမှာတော့ "ချစ်ရပါသောနွယ်" ဝတ္ထုလေးဇာတ်သိမ်းသွားခဲ့ပါပြီ၊ တကယ်ကိုဝတ္ထုတိုလေးတစ်ပုဒ် သာသာဖြစ်တဲ့အတွက် ဖတ်ရတာအားမရဖြစ်သွားရင်လည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။
ဒီနောက်ပိုင်းမှာ keyboard နဲ့ဘဲစာရိုက်ပြီး လက်ရာအသစ်တွေကိုဖန်တီးဖြစ်တာကြောင့်ညA4 စာမျက်နှာပေါ်မှာ ဘောပင်လေးတစ်ချောင်းနဲ့ စာတွေရေးခဲ့အချိန်တွေကို လွမ်းမိပါသေးသည်။ "နွယ်" ဝတ္ထုလေးဟာလည်း ကလောင်တံကိုင်ကာရေးခဲ့သည့် နောက်ဆုံးဝတ္ထုလေးဆိုလဲမမှားပေ....။ အတွေ့အကြုံနုသေးသည့် တက်သစ်စစာရေးဆရာပေါက်စ တစ်ယောက်အနေနဲ့ လိုအပ်ချက်များစွာရှိနေခဲ့သည့် ဝတ္ထုတစ်ပုဒ််ကို စာဖတ်သူများထံသို့တိုက်ရိုက်ပို့ဆောင်ခဲ့ခြင်းမှာ ကျွန်မရဲ့ငယ်မူလေးကိုမပျောက်စေချင်လို့လား၊ ပိုကောင်းတာတွေဖန်တီးဖို့ အားအင်တွေယူချင်လို့လား မရေရာခဲ့ပါ။
ဘယ်လိုဘဲဖြစ်ဖြစ် အချိန်တစ်ခုပေးပြီး စောင့်ဖတ်ပေးခဲ့တဲ့လူတိုင်းကို အထူးတလည်ကျေးဇူးတင်ရပါသည်။ typing ပြန်ရိုက်နေရတာမို့ အချိန်မှန် update မပေးနိုင်ခဲ့လို့ အားနာမိသလို ဖတ်ပြီးသွားတဲ့အချိန် အပေါစားဝတ္ထုလေးတစ်ပုဒ်လို့ သတ်မှတ်လိုက်မှာကိုလည်း စိုးထိတ်ခဲ့ရပါသည်။ သို့သော်လည်းလိုအပ်ချက်တိုင်းအတွက် ဤဝတ္ထုကိုဖန်တီးသူ ကျွန်မမှာသာတာဝန်ရှိသည့်အလျောက် လွတ်လပ်စွာဝေဖန်ချက်များကို လက်ခံဖို့အသင့်ပါဘဲ..။
စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တာကြောင့် ဇာတ်ကောင်များ နေရာများသည် လက်တွေ့မှာ ရှိချင်မှလည်း ရှိနေနိုင်ပါသည်။
လွမ်းဆွေးဖွယ်ကောင်းသည့် မိုးရာသီ၏အငွေ့အသက်များနှင့် ခံစားချက်မျိုးစုံပေါင်းစပ်လျက် နောက်ထပ်ဖန်တီးထားသည့် ဝတ္ထုတစ်ပုဒ်ကိုလည်း မကြာခင်ချပြသွားမှာမို့ စောင့်မျှော်ပေးကြပါအုံးနော်...၊
အားလုံးကိုကျေးဇူးတင်ပါသည်။

မေတ္တာဖြင့်....
ယူ့ဧကရာဇ်

ချစ်ရပါသောနွယ်Tempat cerita menjadi hidup. Temukan sekarang