Part 11(Unicode)

636 49 0
                                    

.နွယ်က ကျောင်းမှပြန်ရောက်ရောက်ချင်း.. လွယ်အိတ်ကို အိပ်ရာပေါ် ဝုန်းခနဲပစ်တင်ကာ မျက်နှာသွားသစ်လိုက်သည်။

' ဝါး.. အခုမှဘဲ.. လန်းဆန်းသွားတော့တယ်..'

နွယ်လည်း ဆံပင်ကို နောက်သို့အပြောင်သိမ်းကာ စုစည်းလိုက်သဖြင့် နွယ့်မျက်နှာလေးက ထင်းခနဲပေါ်ကာ လူကြီးဆန်သွားသည်။ နွယ်က မိတ်ကပ်တွေထားသည့်အခန်းထဲ ဝင်သွားသည်။

နွယ့်ကို ပစ္စည်းကြော်ငြာပေးဖို့ရန် လက်ဆောင်ပေးထားသော မိတ်ကပ်များမှာ ရာနှင့်ချီသဖြင့်.. နွယ်က အကုန်လုံးမသုံးနိုင်သဖြင့်.. နွယ့်အတွင်းရေးမှူးမလေးအပြင် နီးစပ်ရာ နီးစပ်ကြောင်းတွေကို တစ်ခါကြော်ငြာပြီးသည်နှင့် ပေးပစ်ရသည်။ နွယ်သည် ဆင်းရဲသည့်ဘဝမှ တက်လာသည့်သူပီပီ.. ပစ္စည်းများကိုမသုံးဘဲ ဒိတ်ကုန်သွားသဖြင့် လွှတ်ပစ်ရတာ.. ပိုလျှံနေတာ.. ကိုယ့်အတွက် အသုံးမဝင်ဘဲ အလဟဿဖြစ်နေတာများကို နှမြောတွန့်တိုမိသည်။ တစ်ချိန်က ကိုယ့်လို အခြေခံလူတန်းစားများ.. ထမင်းတစ်နပ် စားရဖို့ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ကို စာနာသဖြင့်.. ရက်ရက်ရောရောလှူမြဲ။ ကိုယ့်ဘဝ.. ကိုယ်သာ အသိဆုံးဖြစ်ခဲ့လေသည်..။

' မိုးစံရေ...'

နွယ်က အော်ခေါ်လိုက်သဖြင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော နွယ့်အတွင်းရေးမှူး မိုးစံက အခန်းထဲ ချက်ချင်းဝင်လာကာ

' ဘာဖြစ်လို့လဲ.. မမလေး..'

' သွား.. အိတ်တစ်လုံးသွားယူ.. မိတ်ကပ်ပစ္စည်းတွေ ရှင်းရအောင်..'

နွယ်က ပထမဆုံး.. ဖောင်ဒေးရှင်း မိတ်ကပ်ရည်တွေထားသည့် အံဆွဲကို ဖွင့်လိုက်ကာ တစ်ဘူး၊ နှစ်ဘူးသာ ချန်ပြီး ကျန်သည့်ဘူးများကို အိတ်ထဲထည့်လိုက်သည်။

နံရံတွင်ကပ်ထားသော အကန့်လေးတွေထဲတွင် နှုတ်ခမ်းနီ၊ ပါးနီ၊ လိုင်နာ..။ ဘရန်းစုံ၊ မျိုးစုံ.. သေသေသပ်သပ် စီထားသည်။ နွယ်ကလည်း စိတ်ကူးပေါက်ရာ ရက်ရက်ရောရောထည့်သည်။ မိုးစံကလည်း အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ဖြင့် လိုက်သယ်သည်။

' မိုးစံ လိုချင်တာရှိရင်လည်း ပြောလေ..'

' တော်ပါပြီ.. မမရယ်..'

ချစ်ရပါသောနွယ်Where stories live. Discover now