Part 16(Unicode)

609 46 0
                                    

နွယ်သည် ကားပေါ်မှဆင်းကာ ကော်ဇောနီကြီးကို တစ်လှမ်းချင်းနင်းရင်း ဟိုတယ်ထဲဝင်လာသည်။ နှုတ်ခမ်းနီရဲရဲဆိုးထားကာ ဆံပင်ဖားလျားချထားသည်။ ပိုးဝမ်းဆက်အနီလေးနှင့် ဒေါက်မြင့်ဖိနပ်လေးစီးထားသည်။ နွယ်သည် ကျေနပ်အားရစွာပြုံးရင်း နွယ်တို့သူငယ်ချင်းတွေ ဆုံမည့်အခန်းရှေ့သို့ လျှောက်လာခဲ့သည်။

အခန်းထဲမဝင်ခင် အဝင်ဝမှာ ခဏရပ်ကာ.. အထဲတွင်ပြောနေသော စကားများကို နားစွင့်နေလိုက်သည်။

' နွယ်နွယ်က ဘာစိတ်ကူးပေါက်လို့ ဒီလိုဈေးကြီးတဲ့နေရာ ခေါ်တာလဲမသိဘူး.. ပိုက်ဆံကမရှိပါဘူးဆိုနေ..'

' သူက ဆယ်တန်းလဲမအောင်ဘဲ ဘာလုပ်နေတာလဲမသိဘူး..'

' ယောက်ျားယူသွားပြီလားမသိဘူး...'

' ရန်ကုန်ပြောင်းသွားတာဘဲ ကြားလိုက်တယ်..။ အဲ့တာကြောင့် ငါတို့ရွာနဲ့အဆက်ပြတ်သွားတာ...'

နွယ်က ခပ်ရွဲ့ရွဲ့ပြုံးကာ အခန်းတံခါးကို တွန်းဖွင့်ဝင်လာခဲ့သည်။ နွယ့်ကိုမြင်‌တော့ အကုန်လုံးက ထိတ်လန့်သွားကာ အကြာကြီး မှင်သက်နေသည်။

' နွယ်နွယ်လား.. နင်...'

' စိမ်းမြနွယ်ပါ.. မတွေ့တာတော်တော်ကြာပြီနော်..'

နွယ်က စားပွဲဝိုင်းကြီး၏ လွတ်နေသောနေရာ တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ စားပွဲဝိုင်းထိပ်တွင် ထိုင်နေသော ဆရာမကလည်း နွယ့်ကို ဘီလူးသရဲတွေ့သလို စိုက်ကြည့်နေသည်။

' အော်.. ဆရာမပါ ပါတာလား..'

နွယ့်ဆရာမမှာ ဆံပင်တွေဖြူ၍ အရေးအကြောင်းတွေ များလာခဲ့ပြီ။

' ကဲကဲ.. မှာစားကြလေ..'

ဟုဆိုကာ နွယ်ကပင်ဦးဆောင်၍ ဟင်းပွဲတွေ မှာပေးလိုက်သည်။

ငယ်ငယ်က စာတော်၍ ပြီးပြည့်စုံသောသဇင်သည် အိမ်ကစီးပွားပျက်ကာ ကျူရှင်မထားပေးနိုင်၍ ဆယ်တန်းမှာ ထင်သလောက် မအောင်မြင်ခဲ့သည့်အကြောင်း..၊

ပပကတော့ သာမန်ဘွဲ့လေးရကာ အိမ်ထောင်ရှင်မကြီးဖြစ်နေပြီ ဆိုသည့်အကြောင်း..၊

ချစ်ရပါသောနွယ်Where stories live. Discover now