Part 13(Unicode)

569 50 0
                                    

နွယ်တို့သည် မိဘမဲ့ကျောင်းတွင် ကလေးတွေကို မုန့်တွေဝေ၊ စာရေးကိရိယာတွေလှူကာ ထိုကလေးများဖြင့် ဆော့ကစားနေခဲ့သည်။ ထိုအချိန်များတွင် အစ်ကို့အပြုံးများဟာ အရမ်းအသက်ဝင်ကာ.. နွယ်ကလည်း ဖြူစင်စွာ ပြုံးနိုင်ခဲ့သည်။

တချို့ကလေးတွေက ဇိမ်ခံကားကြီးနဲ့ ကျောင်းသွားနေတဲ့အချိန်.. တချို့သောကလေးတွေမှာ ဖုန်တလူးလူးထဲ ပြေးဆော့ကာ ရှိတာလေးနှင့် ပျော်ရွှင်အောင်နေနေရသည်။

နွယ်က ခံသာသေးသည်။ နွယ်က တစ်ဖက်ပဲ့..။ ထိုကလေးများမှာ တစ်ဖက်မှမရှိ..။ ရှေ့တွင် မားမားမတ်မတ် ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးမယ့်သူမရှိ။ တစ်ခါတစ်လေတော့လည်း ကိုယ့်ကံကြမ္မာကိုယ် ဆိုးလှပြီဟု ထင်နေခဲ့သော်လည်း.. ကိုယ့်ထက်ပိုဆိုးသည့်သူနှင့် တွေ့မှ.. အော်.. ငါကတော်ပါသေးလား.. ဟုတွေးကာ ဖြေသိမ့်ရပြန်သည်။

သင် ဖိနပ်စီးစရာမရှိလို့ ငိုယိုနေတဲ့အချိန်.. လူတစ်ချို့မှာ ခြေထောက်တောင်မရှိဘူးတဲ့..။

လေပွေတစ်ချက် ဝေ့တိုက်သွားသည့်အချိန်တွင်.. သစ်ရွက်တစ်ချို့ လေနှင့်အတူ လွင့်ပါသွားသည်။ နွယ့်ကိုလည်း ဟိုကလေးကဆွဲ.. ဒီကလေးကဆွဲနှင့်.. ဆံပင်များပင် ရှုပ်ပွနေပြီ။ နွယ်သည် ညောင်ပင်ကိုပတ်ရံထားသည့် အုတ်ပလ္လင်လေးပေါ်တွင် ထိုင်ကာ အမောဖြေရသည်။ အစ်ကိုကလည်း နွယ့်ကိုတွေ့တော့ ရယ်ကာ နွယ့်ဘေးတွင် ဝင်ထိုင်လိုက်သည်။

' မောနေပြီလား.. ကလေးအမေကြီး...'

နွယ်လည်း တစ်ချက်ရယ်ကာ

' အစ်ကိုရာ.. မစပါနဲ့... လူလည်း ဖတ်ဖတ်ကိုမောလို့..'

ဟုဆိုရင်း ဆံပင်ကို ဖြည်ချလိုက်သည်။ ထို့နောက် လက်ဖြင့်ထိုးဖွကာ ဖြစ်သလို စုချည်လိုက်သည်။

' ကျစ်ဆံမြှီး ပြန်မကျစ်တော့ဘူးလား..'

' ဖီးလင်မပါတော့ဘူး.. ပျင်းလာပြီ.. မနက်ကလည်း အကြာကြီး အချိန်ပေးထားရတာ...'

' အစ်ကို.. ကျစ်ပေးရမလား...'

နွယ်ကကြောင်သွားကာ စသည်ထင်သဖြင့် ရယ်လိုက်ပြီး

ချစ်ရပါသောနွယ်Where stories live. Discover now