Part 4 (Unicode)

814 64 0
                                    

နွယ်သည် လက်တစ်ဖက်က အမေ့အတွက် ကြက်သားစွပ်ပြုတ်လေးကိုကိုင်.. နောက်တစ်ဖက်က အမေ့အတွက် ဆေးထုပ်ကိုကိုင်ကာ မနိုင်မနင်း ဆိုင်ထဲကထွက်လာခဲ့သည်။ နွယ်တို့ငှားနေသောအိမ်လေးသည် နွယ်အလုပ်လုပ်သောနေရာနှင့် သိပ်မဝေးသဖြင့်.. နွယ်က အမြဲတမ်း အိမ်ကိုလမ်းလျှောက်ပြန်ကာ ဝင်ငွေကိုချွေတာမြဲ..။ နွယ် အလုပ်ဆင်းသည့်အချိန်က အနည်းငယ် မိုးချုပ်သဖြင့်.. လမ်းထဲတွင် လူရှင်းနေသည်။ နွယ်သည် ရှေ့တွင် လမ်းလျှောက်လာသော အမူးသမားများကိုမြင်လျှင် သူတို့နှင့် ဆန့်ကျင်ဘက်အခြမ်းသို့ကပ်ကာ ခပ်သွက်သွက် လျှောက်သွားသည်။

အခုခေတ်က ခေတ်ပျက်ကြီးမို့ မိန်းကလေးတို့၏ဘဝသည် မလုံခြုံတော့..။ တက်လူငယ်တွေက ကလေကချေတွေဖြစ်ကုန်တော့.. အနာဂတ်ကြီးက ရင်လေးစရာ..။ နွယ်သည် အတတ်ပညာသာ မတတ်ရင်နေမည်.. အသိပညာတော့ မခေါင်းပါး..။ အရာရာကို ပေါ့ပေါ့တန်တန် အလေးမထားသောသူတို့၏လက်ထဲ ဒီနိုင်ငံရောက်သွားလျှင်ဟု တွေးမိလေတိုင်း.. ဆယ်တန်းမအောင်သောသူ‌တစ်ယောက်က ဆိုသည့်စကားမို့ အများကြားလျှင် ရယ်ချင်ရယ်အုံးမည်။ တစ်ချိန်မှာ ကိုယ့်နိုင်ငံကို အကောင်းဆုံး တိုးတက်စေလိုသော ဆန္ဒတော့ရှိသည်။ သို့သော်လည်း.. ဆန္ဒသည် ဆန္ဒမျှသာဖြစ်သည်.. တစ်ကယ်တမ်း လက်တွေ့မကျ...။

' ဟေ့ကောင်မလေး.. ဘယ်သွားမလို့လဲ ဝေ့.. အကိုကြီးတို့ လိုက်ပို့ပေးရမလား..'

ထုံးစံအတိုင်း အမူးသမား‌တို့ ပါးစပ်သရမ်းကြသည်။ တစ်ခါတစ်လေ မူးရူးနေသော မိန်းမများကိုလည်း တွေ့မြင်ရသည်။

ယခုခေတ်ကြီးကိုက ပြောင်းပြန်..။ ယခင့်.. ယခင်လက်ထက်တုန်းက မိန်းကလေးများက ခြေတစ်လှမ်း ကုဋေတစ်သန်းဖြင့် ကြွကြွရွရွသွားသည်ကို.. ယောက်ျားလေးများက လိုက်စကြသည်။ ယခုအခါ.. ယောက်ျားလေးများ လမ်းလျှောက်သွားသည်ကို မိန်းကလေးများ လိုက်ငမ်းကြသည်။ တစ်ခါတစ်လေ ယောက်ျားခိုးပြေးတာနဲ့.. ပြန်မကြိုက်လို့ ဓားနဲ့ထိုးရတာနဲ့.. ယောက်ျားလေးတွေဘဝဟာ မလုံခြုံတော့။ မိန်းကလေးတွေ နှာဘူးထလျှင်.. ယောက်ျားလေးတွေထက် သာ၍ဆိုးပါကော..။ ( ကြည့်မနေနဲ့.. နင့်ကိုပြောတာ :p )

ချစ်ရပါသောနွယ်Where stories live. Discover now