Love Written by Ghosts 💚❤️
Unicode
Part-3ကျောင်းကို အရင်ရောက်သွားသူ ပီပီ
တက်ရမည့် အဆောင်နဲ့ အခန်း လိုက်ရှာ လိုက်ရှာရင်းနဲ့နောက်ဆုံးတော့ တွေ့ပြီ
ခုမှ ဘန်ကောက်မှာ ကျောင်းလာတတ်တာမို့ သူငယ်ချင်း မရှိပါ။
သိတဲ့သူ မရှိပါ။
အထက်တန်းက ခင်ခဲ့တဲ့သူများနဲ့လည်း တက္ကသိုလ် တူတဲ့သူ မရှိတာမို့ တစ်ယောက်ထဲ ဖြစ်နေခဲ့သည်။အချို့ ကျောင်းသားတွေကတော့ ခုနှစ်မှ အစပေမယ့်
ဘောဒါတွေနဲ့ လာတဲ့ သူတွေလည်း ရှိသလို ကိုယ့်လို တစ်ယောက်ထဲ လာတဲ့သူတွေလည်း ရှိတယ်။စီနီယာကျောင်းသားတွေလည်း တွေ့တယ်
ကျောင်း ဘောလုံးကွင်းကနေ ဖြတ်လာတာခဲ့တာမို့
ဘောလုံးကွင်းကိုတော့ တကယ်သဘောကျတယ်ဝါသနာတွေထဲက တစ်ခုပဲလေ
ကိုယ်နေတဲ့ မြို့မှာဆို ခလေးတွေနဲ့ ဆော့နေကျ ဖြစ်သည်။
တက္ကသိုလ် မေဂျာလိုက်အသင်းရွေးရင် ဝင်ကစားဖို့ တောင် စဉ်းစားလိုက်ပြီဖြစ်သည်။ခုတော့ တစ်ယောက်ထဲဖြစ်နေတဲ့ ကျတော်အနေနဲ့
နောက်ဆုံးမကျ အလယ်မရောက်တဲ့ နေရာမှာ
တစ်ယောက်ထဲ ဝင်ထိုင်နေလိုက်သည်။ အဲ့အတန်းမှာ ကျတော်တစ်ယောက်ထဲပေါ့ ခုထိကျတော် စိတ်ပါဝင်စားလို့ တက်ရောက်လာတဲ့ မေဂျာကတော့
Computer Science မှာ Software engineering Major ပါကျောင်းသားတော်တော်များများလည်း ရောက်နေကြသည်။
ထိုချိန် ကျတော်ဘေးမှာ အရိပ်ကျလာခဲ့သည်။"ဒီမှာ လူရှိလား Fri"
"မရှိပါဖူး"
"အာ့ဆို ဝင်ထိုင်မယ်နော်"
"ဟုတ်"
ရွယ်တူဆိုပေမယ့် စစချင်းတွေ့တာ ဆိုတော့ကျတော့်ကို ကျော်ပြီး ကျတော်ဘေးနား ဝင်ထိုင်တဲ့ တစ်ယောက်မှာ အသားဖြူဖြူ ရုပ်ရည် သန့်သန့်နဲ့ ဖြစ်သည်။
" တစ်ယောက်ထဲလား သူငယ်ချင်းတွေဘာတွေ မရှိဖူးလား"
"အင်း ဒီနေ့မှကျောင်းစတက်တာဆိုတော့
ပြီးတော့ ဘန်ကောက်က မဟုတ်ဘူး"
YOU ARE READING
2.Love Written By Ghosts(Complete)