Part-16(Unicode±Zawgyi)

1K 80 30
                                    

Love Written by Ghosts 💚❤️
Unicode
Part-16

နိုးလာတော့ မနက်အစောကြီးသာရှိသေးသည်။
ကျွန်တော့် ခေါင်းအောက်က Ohmရဲ့ လက်မောင်းကို
ထုတ်ဖို့ ကြိုးစားလိုက်တယ်။

'Ohmတစ်ယောက် မနာဘူးလား မသိဘူး'
တစ်ယောက်ထဲ ရေရွတ်ပြောဆိုလိုက်ရင်းးး

"ဟင် အစောကြီး နိုးနေပြီလား"
Ohmပါ နိုးသွားလေပြီ

"အင်း အဲ့တာ ငါတို့တွေ လမ်းသွားလျှောက်ကြမလား
ခဏနေရင် မိုးလည်းလင်းလာတော့မယ် ပင်လယ်မှာ
နေထွက်တာလည်း ကြည့်လို့ရတာပေါ့"

"အိုခေ သွားကြမယ်လေ"

Ohmက အိပ်ချင်မူးတူနဲ့ ထလာလေသည်။
"ငါအရင် ပြင်ဆင်လိုက်မယ်"လို့ပြောပြီး 
ရေချိုးခန်းထဲဝင်လာခဲ့သည်။
သို့သော်လည်း အနောက်မှာ
Ohmတစ်ယောက်လိုက်ပါလာခဲ့သည်။

"ဘာလို့ လိုက်လာတာလဲ"

"မျက်နှာသစ်သွားတိုက်တာပဲဟာ ပိုမြန်အောင်"
နှစ်ယောက်သား သွားတိုက်မျက်နှာသစ်
အတူလုပ်ကိုင်လိုက်ကြပြီး
ပင်လယ်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

မိုးလင်းဖို့ နေရောင်ဝင်လာဖို့ အချိန်ပိုင်းလေးသာကျန်တော့သည်။
အဲ့အချိန်လေးက တကယ့်ကို အေးချမ်းလှပြီး
ပင်လယ်လေကလည်း လက်ဆက်အေးမြလေသည်။
Ohmက ကျွန်တော်လက်ကို လာကိုင်ပြီး

" ဟိုးဘက်နားလေးကို သွားကြမယ်
အဲ့ကနေ နေထွက်တာ
ကြည့်ကြမယ်"

"အွန်း"

ကျွန်တော်တို့ ထိုင်စောင့်နေရင်းနဲ့
အလင်းရောင်က တဖြည်းဖြည်းဝင်လာလေသည်။
ပြီးတော့ မြင်နေရတဲ့ ပင်လယ်ရဲ့ အဆုံးကနေ နေလုံးကြီးဟာ တဖြည်းဖြည်း တက်လာခဲ့တယ်။

"Ohm ကြည့် ကြည့် "
ကျွန်တော် သဘောအရမ်းကျတယ်။
အရင်ကလည်း လာတိုင်း
မြင်ဖူးနေကျဆိုပေမယ့် မရိုးသွားဘူး။

ပြီးတော့ ဒါက Ohmနဲ့ ကြည့်ရတာမို့
တစ်မျိုးပျော်ဖို့ကောင်းလေသည်။

Ohmက အရင်က ကြည့်ဖူးလား မကြည့်ဖူးလား မသိပေမယ့်
ကျွန်တော်ကတော့ သူ့ကို အထူးတလည်ပြမိနေတော့သည်။

2.Love Written By Ghosts(Complete)Wo Geschichten leben. Entdecke jetzt