Love Written by Ghosts 💚❤️
Unicode
Part-8"Ohm ငါတို့ ဘယ်လို လုပ်ကြမလဲ"
Nanonရဲ့အမေးအတွက် ခုချက်ချင်းပြောဖို့ အဖြေမရှိသေးပါ။
ညက Nanon ခြောက်ခံခဲ့ရတာက
သွေးပျက်စရာကြီးဆိုလည်း မမှားဘူး။Nanon အိပ်ပျော်သွားတဲ့ချိန် ကြည့်မိလိုက်တာ
လန့်ပြီး ငိုထားလို့ နှာခေါင်းလေးတွေရဲနေတာပဲ။
သူ့ကျွန်တော့်ဘေးမှာ အိပ်ပျော်သွားတဲ့ထိ မအိပ်ဘဲ နေပေးခဲ့တယ်။
သူနေရာမှာဆို ကိုယ်တိုင်ဆိုလည်း အဲ့လိုပဲ ဖြစ်မိမှာ။ခုကြုံရတဲ့ ဖြစ်စဉ်အတွက် ရုတ်တရက်တွေးမိလိုက်တာကတော့
O:သူတို့ကို မောင်းထုတ်ဖို့ တစ်ခုခုလုပ်ကြမလား"
N:ဖြစ်ပါ့မလား တော်ကြာ အခြေနေပိုဆိုးသွားမှ"
O: အင်း အဲ့တာလည်း ဟုတ်တယ်
ဇာတ်ကားတွေထဲကလို လူကိုပါ ကိုင်မြှောက်နေရင်လည်း ဒုက္ခ"N: ဟာဟား အဲ့တာတော့ မင်းအတွေးများသွားပြီ"
ကျွန်တော်လည်း တွေးမိရာပေါ့။
ဒါပေမယ့် ကိုယ်တော်ချောလေးက လူကို ပြန်ရယ်နေလေသည်။O: ငါတို့ တစ်ခန်းထဲပဲ နေလိုက်ကြမလား"
ကျွန်တော်မေးလိုက်တော့ Nanonတစ်ယောက် ခေါင်းကုတ်ပြီး
N: ဘယ်သူ့အခန်းမှာ နေမှာလဲ "
O:ငါ့အခန်းမှာနေမယ် ငါ့ Drumက ရွေ့ရတာ မလွယ်ဘူး
ပြီးတော့ မင်းအခန်းက ပြတင်းပေါက်တွေက ကြောက်ဖို့ကောင်းတယ် "N:အဲ့တာတော့ ဟုတ်ပေမယ့် မင်းကုတင်က ငါ့ကုတင်ထက်
ကျဉ်းတယ် ကုတင်လဲမလား"O:ကျဉ်းတော့ ဘာဖြစ်လို့လဲ ဘာတွေကို စိုးရိမ်နေတာလဲ"
Nanonမျက်နှာနားကပ်ပြီး ထိုစကားကို မေးလိုက်သည်။
သူမဖြေသေးမချင်း မျက်နှာလုံးဝ မဖယ်ပေးဘဲ မျက်လုံးကို မှေးစင်းပြီး ကြည့်နေလိုက်တယ်။N: မင်းမျက်နှာကြီးကို ဖယ်
ငါက အအိပ်ကြမ်းလို့ ပြောတာ"O: မင်းကို ပြုတ်မကျအောင် အဲ့ကုတင်ကို နံရံဖက်ကပ်ပြီး
ထောင့်မှာ မင်းကို ထားမယ် အိုခေလား
မဟုတ်ရင် ကုတင်လဲရမှာ ပင်ပန်းတယ်"
ВЫ ЧИТАЕТЕ
2.Love Written By Ghosts(Complete)