Part-1(Unicode±Zawgyi)

1.4K 90 14
                                    

Love Written by Ghosts 💚❤️
Unicode
Part-1

ဘန်ကောက်မြို့ရဲ့ ရပ်ကွက်လေးတစ်ခုမှာရှိတဲ့ အိမ်လေးတစ်အိမ်

အိမ်လေးဟာ ခြံလေးဝန်းလေးနဲ့ တစ်ထပ်တိုက်လေးဖြစ်ပြီး
ကျယ်ဝန်းလှတဲ့ မြေဧကထဲမှာ ဆောက်ထားတဲ့ အိမ်လေးတစ်လုံးဖြစ်တယ်။
ရပ်ကွက်ကလည်း ငြိမ်တယ်၊ ခြံကလည်း ကျယ်တာကြောင့် အေးချမ်း တိတ်ဆိတ်လေသည်။
အေးချမ်းတိတ်ဆိတ်နေရုံမက ဘေးပတ်ဝန်းကျင်အိမ်များနဲ့လည်း နည်းနည်းလှမ်းနေသလို ဖြစ်‌နေသည်။
ခြံထဲမှာ ပန်းပင်တွေတင်မဟုတ် မာလကာပင်၊သရက်ပင် တွေလည်း ရှိသည်။ ထို့အပြင် ဒန်းတစ်ခုလည်းရှိသေးသည်။ ဒီအိမ်ကို ဝယ်လိုက်တဲ့သူတွေကတော့ ညားခါစ လင်မယားနှစ်ယောက်ဖြစ်သည်။
သို့သော် ဝယ်ထားပြီး တစ်ပါတ်လောက်မှာပဲ မိဘအိမ် ပြန်နေကြတာမို့ ထိုအိမ်လေးအားး အငှားတင်ဖို့ လုပ်လိုက်ကြ‌လေသည်။

အိမ်ထဲမှာ အိပ်ခန်း နှစ်ခန်းရှိတာကြောင့်မို့
ထိုအခန်းနှစ်ခန်းကို ဓါတ်ပုံရိုက် အိမ်တစ်ခုလုံးကို ဓါတ်ပုံရိုက်ပြီး

"အိမ်ငှားရန်ရှိသည်!
တစ်လကို ဘတ် ....
အိမ်ငှာမည့်တခြားသူ နောက်တစ်ဦးကို လက်ခံမည်ဆိုပါက
ဈေးနှုန်း တစ်ဝက်စီသာ ကျသင့်မည်။
စိတ်ဝင်စားပါက အောက်ကဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်နိုင်သည်။
0----
Address-@#$$@ "

Fb အိမ်ငှား ဝယ်/ရောင်း groupမှာ တင်လိုက်လေသည်။
×××
'Nanon Korapat'

ကျတော့်နာမည် Nanon Korapat ဖြစ်ပါတယ်။
ကျတော်က အလိုလိုက်ခံကလေးတစ်ယောက်ဆိုလည်း မမှားပါ။
အမြဲဘယ်အရာမှာမဆို ကျတော်သဘောသာဖြစ်သည်။ ငယ်ငယ်ထဲက လိုချင်တာကို မျက်နှာတစ်ချက်မဲ့စရာမလိုပဲ ရခဲ့လေသည်။

ထိုသို့အလိုလိုက်ခံရတာလည်း အကြောင်းအရင်းရှိလေသည်။
ဘာလို့လည်းဆိုတော့ ကျတော့်မိဘတွေက ကျတော်တစ်ယောက်ကိုတောင်
မနည်းရအောင် မွေးထားရတာကြောင့်ဖြစ်သည်။
ကျတော့်မိဘတွေအိမ်ထောင်သက်တော်တော်ကြာသည်ထိ ကလေးမရရှိခဲ့ပါ။ထို့ကြောင့် ကလေးရဖို့ကို မြို့ပေါ်က ဆရာဝန်တွေတင်မက နတ်ဆရာတွေပါ စုံတယ်လို့ ပြောသံကြားဖူးခဲ့တယ်။ နယ်ဘက်တွေမှာက အယုံအကြည်ကြီးကြတယ်လေ။

2.Love Written By Ghosts(Complete)Donde viven las historias. Descúbrelo ahora