Love Written by Ghosts 💚❤️
Unicode
Part-25 (Final Episode)Nanon တစ်ယောက် ဖုန်းလည်းမကိုင်ဘူး
ဘာတွေဖြစ်နေတာလဲ။ဖုန်းခေါ်ပြီး ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
လုပ်နေတာကို မျက်စိနောက်လာတဲ့ အဖေက" ဟျောင့် ဘာတွေဖြစ်နေတာလဲ ငြိမ်ငြိမ်လေးထိုင်နေပါလား"
" မထိုင်နိုင်သေးလို့ပါ အဖေရယ်"
" ဟာကွာ အရင်ကလို အပြင်ပဲ သွားနေလိုက်ပါတော့
ပြန်ရောက်လာထဲက အိမ်မှာပဲ နေနေလို့ ချီးကျူးရမလား မှတ်တယ်
ပိုဆိုးနေတယ် သွား အပြင်ပဲ ထွက်နေ "ကျွန်တော်သည်လည်း အိမ်မှာ နေချင်တာမဟုတ်
Nanonနေခိုင်းထားလို့သာ နေနေရတာ အဖေရေလို့
ပြောလိုက်ရင် တစ်ခုခုနဲ့ ကောက်ပေါက်လာမှာ ကျိန်းသေတယ်။
အရင်ဆုံးတော့ အဖေ့မျက်စိရှေ့ကနေသာ ထွက်လာလိုက်တော့သည်။" Nanonကလည်း ဘာလို့ ဖုန်းမကိုင်ရတာလဲ "
" သားရယ် မင်းမှာလည်း တစ်နေ့ တစ်နေ့ အဲ့ဖုန်းထဲ ဝင်တော့မယ်
စာတွေရေးလိုက် ဖုန်းတွေပြောလိုက်နဲ့
ရည်းစားတွေ ဘာတွေ ရနေတာလား"
အဖေ့ကို ရှောင်လာကာမှ အမေနဲ့ ထပ်တွေ့တယ်
တစ်ခုခု ပြန်ဖြေမလို လုပ်တဲ့ချိန်မှာပဲ ဖုန်း ဝင်လာတယ်။ကျွန်တော် စောင့်နေတဲ့ Nanonရှိမှ
" Hello Nanon ..
ငါ ဖုန်းခေါ်နေတာ ကြာလှပြီ မင်း ဘယ်ရောက်နေတာလဲ
ဘာတွေလုပ်နေတာလဲ "" ဖြည်းဖြည်းမေးပါ Ohm ရယ် "
" အင်း ငါဖုန်းခေါ်နေတာ ကြာပြီ"
"အင်းး ငါ အပြင်ခဏသွားတာ ဖုန်း...ကျန်ခဲ့လို့ "
အဲ့စကားပြောတာမှာ Nanonအသံက နည်းနည်း တစ်မျိုး ..
လိမ်နေသလိုမျိုး ခံစားရတယ်" Vc ပြောမယ် Nanon "
" နောက်နေ့မှ ပြောကြမယ်လေ
**သားရေ ဒီမှာဆေး ဆေးလိမ်းးး...**
ဒါပဲနော် ပြီးမှ ငါ ပြန်ဆက်လိုက်မယ် "
ပြောပြီး ချက်ချင်း ဖုန်းချသွားတယ်။Nanonဘာဖြစ်တာလဲ
အနောက်ကနေ Nanonအမေပြောလိုက်တဲ့အသံမှာလည်း
ဆေးလိမ်းတဲ့ ဘာဖြစ်လို့များပါလိမ့်။
YOU ARE READING
2.Love Written By Ghosts(Complete)