Part-10(Unicode±Zawgyi)

938 80 15
                                    

Love Written by Ghosts 💚❤️
Unicode
Part-10

"Nanon"

"Nanon"

အခန်းထဲမှာ ကျွန်တော်မထူးမချင်းခေါ်နေပြီး
သူ့ကို လှည့်ကြည့်လိုက်တော့
"စောစောက ကျောင်းမှာ အော်သလိုဖြစ်သွားလို့
တောင်းပန်ပါတယ်"

"ရပါတယ် ငါလည်းတောင်းပန်းတယ်
ငါပြောတာ စည်းကျော်သွားမိတယ်"
Ohm စိတ်ဆိုးသွားတယ်ဆိုတာ သိလိုက်တာမို့
ပြန်တောင်းပန်မိတယ်။
ကိုယ့်ပါသာလည်း ဘာပြောလိုက်မိမှန်းကို မသိလိုက်။
တစ်ခါတစ်လေကျရင် စိတ်ထဲကတစ်မျိုး
ပြောလိုက်တာကတစ်မျိုး မိဘတွေ ဖြစ်တဲ့ အဖေနဲ့အမေကတော့
ဒါကို သဘောပေါက်ပေမယ့်
တခြားသူကတော့ သိနိုင်မည်မဟုတ်ပါ။

" မင်းပြောတာ စည်းမကျော်ပါဘူး
ဒါပေမယ့် ဘာလို့ ငါ့ကို သူနဲ့ တွဲခိုင်းရတာလဲ
ငါ သူကို ကြိုက်လား မကြိုက်လား
အရင်မေးသင့်တယ်မဟုတ်ဘူးလား"

Ohmပြောတာ ဟုတ်ပါတယ်။ ကျွန်တော် သိချင်တဲ့ဟာကို
မမေးဘဲနဲ့ ဘာစကားတွေ ပြောမိလိုက်လဲ။ တကယ်တော့
စိတ်ထဲကနေ ပြောင်းပြန်ပါ။

"မသိချင်ဘူး မင်းရေသွားချိုးတော့"
ခုထိလည်း မထွက်ကျလာခဲ့ပါ။ နဂိုထဲက စိတ်ထဲက စကားတွေက ထွက်လာဖို့ ခဲရင်းခဲ့တဲ့သူဖြစ်ခဲ့တာမို့ 

တခြားသူငယ်ချင်းတွေတောင် Ohm ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားပေးနေတဲ့အချိန် ကျွန်တော်ကတော့ Ohmကို
စိတ်ဆိုးနေသည်။

"ဘာလို မသိချင်ရတာလဲ"

"...."

ခုက  ကိုယ့်ကိုကိုယ် ခေါင်းရှုပ်နေတာကြောင့်ရော
Ohmရှိက သူမကို ကြိုက်နေတယ်ဆိုပြီး ဖြေလာမှာ
စိုးတာကြောင့်လည်းပါတယ်။
သူငယ်ချင်းတွေထဲမှာ ကျွန်တော်နဲ့က အတူနေ အတူစား
အတူသွားတဲ့သူဆိုတော့ ကျွန်တော်ကိုမှ အမှန်တိုင်း
ပြောပြလာမှာစိုးတာ။

"ခု နောက်ကျနေပြီမို့လို့ ရေအရင်သွားချိုးလိုက်ဦးမယ်
ပြီးမှ မေးမယ် မဖြေမချင်း ဒီကိစ္စ မရှင်းမချင်း မအိပ်ဘူး
နက်ဖြန် ကျောင်းပိတ်တယ် rehearsal သွားတီးဖို့ပဲရှိတယ်
ငါ့ကိုစောင့်နေ Nanon"

2.Love Written By Ghosts(Complete)Where stories live. Discover now