Part-24(Unicode±Zawgyi)

747 76 21
                                    

Love Written by Ghosts 💚❤️
Unicode
Part-24

ဒီနေ့ အမျှဝေမယ့် နေ့ !
မိုးရာသီမဟုတ်ပဲ မိုးမလင်ခင်ထဲကရွာနေတဲ့ မိုးတွေကြောင့်
စိတ်ထဲ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးက
ဝင်ရောက်နေခဲ့တယ်။

ပြတင်းပေါက်ကနေ မိုးရေထဲ လှုပ်ခက်နေတဲ့ ဒန်းကို ကြည့်ပြီး

" ခဏနေရင် မင်းတို့ နှစ်ယောက်ထွက်သွားရတော့မယ်
မင်းတို့အကြောင်းသိရတော့ စိတ်ထဲတကယ်မကောင်းဘူး
ဘုရားဟောထားသလို နောက်ဘဝရှိနေတယ်ဆို
ဒီလိုမျိုး မကြုံတွေ့ရပါစေနဲ့တော့လို့ ငါဆုတောင်းပေးပါတယ်"

" Nanon ဘာတွေပြောနေတာလဲ"

Ohmက အနောက်ကနေ ကျွန်တော့်နား ကပ်ပြီး လာမေးတာကို
ပြန်ဖြေဖို့ အားတောင်မရှိချင်

" ခဏနေ အမျှဝေတော့မှာလေ "

" အင်းလေ "

" အဲ့တာ သူတို့တွေ ထွက်သွားကြရတော့မှာမလား
အဲ့တာကို စိတ်မကောင်း ဖြစ်မိလို့ "

" ဒါက ကောင်းတဲ့အရာပါ အရမ်းကြီးတွေးပြီး ဝမ်းနည်းမနေပါနဲ့
လာ နောက်မှာ သယ်စရာရှိတာတွေ သယ်ပေးလိုက်ကြရအောင် "

" ခဏလေး ငါ့ဘာကြည့်နေတာလဲ မသိချင်ဖူးလား "

" မိုးတွေရွာနေတာကို ကြည့်နေတာ မဟုတ်ဖူးလား "

"မဟုတ်ဘူး လာကြည့်လာ"

ကျွန်တော် Ohmကို ဆွဲခေါ်ပြီး ဒန်းကို ပြလိုက်တယ်
" ဒန်း လှုပ်နေတာလားး "

" ဟုတ်တယ် အဲ့တာ ဟိုကလေးနှစ်ယောက်ပဲ ကျိန်းသေးတယ်
စောစောက စကားပြောနေတာက သူတို့ကို ဆုတောင်းပေးနေ‌တာ
ပြီးတော့ နောက်တစ်ခု သွားတွေးမိတယ် မင်းရော... တွေးမိလားး"

( ဒီနေရာလေးမှာ စာဖတ်သူလေးတွေရော
Nanonတွေးမိတာကို သိလား။
အဲ့တာဘာလဲဆိုတာ အရင်တွေးကြည့်ပြီးမှ
အောက်က စာလေးကို ဆက်ဖတ်ကြည့်နော် အပျင်းပြေပေါ့)

Ohmက အချိန်ခဏ မျက်မှောင်ကြီးကျုံ့ပြီး တွေးနေတယ်။
တဖြည်းဖြည်းနဲ့ တွန့်နေတဲ့ မျက်ခုံးမွှေးထူထူတွေက ဖြောင့်လာပြီး
ပြုံးတဲ့ ဘက်ကို ရောက်လာခဲ့သည်။

2.Love Written By Ghosts(Complete)Tempat cerita menjadi hidup. Temukan sekarang