Part-9(Unicode±Zawgyi)

861 76 19
                                    

Love Written by Ghosts 💚❤️
Unicode
Part-9

လူက နေလို့မကောင်းပါ။
ဖျားပါဖျားနေပြီဆိုတာ သိတယ်။
ပုံမှန်ချိန်ထက် အနာယူချင်နေပြီဖြစ်သော်လည်း
Ohm ရောက်မလာသေး၍ Ohm ကို ရပ်စောင့်နေခဲ့တယ်။
တော်တော်ကြာသိထိ မရောက်လာသေး။

အတန်းချိန်မရှိတာရော ဒီနေ့သင်တဲ့ ဆရာမက စောစော ပြီးသွားတာကြာင့်ရောကြောင့် အစောကြီး အတန်းပြီးနေသည်။
ကျောင်းရှေ့ အရိပ်ရတဲ့ နေရာမှာပဲ စောင့်နေလိုက်သည်။

'ကြာလိုက်တာကွာ မပြီးသေးဘူးလားမသိဘူး'
ရေရွတ်ပြောဆိုလိုက်ရင်း
ဖုန်းခေါ်‌မလို့ လုပ်တုန်းမှာပဲ လမ်းဟိုဘက်ခြမ်းမှာ
တွေ့လိုက်ပါပြီ Ohm ကို

တစ်ယောက်ထဲတော့ မဟုတ် Crystalပါပါသည်။
မြင်လိုက်ရတဲ့ မြင်ကွင်းကတော့  Ohm ရင်ခွင်ထဲမှာ
Crystal ရောက်ရှိနေတာပါ။

စက်ဘီးတိုက်မလိုဖြစ်တာကနေ ဒီအခြေနေရောက်သွားတာကို
မြင်လိုက်ရတာဆိုပေမယ့် အဲ့ မြင်ကွင်းက လုံးဝ စိတ်တိုးရပါတယ်။

ဒီမှာ နေမကောင်းနေတဲ့ခြားကနေ စောင့်နေရတာကို
သူက  အမြန်မလာဘဲ တခြားသူနဲ့တွေ့နေသေးသည်။

ပြီးတော့မှ ကိုယ့်ကို တွေ့ပြီး လက်ပြ လမ်းကူးလာလေသည်။
ကိုယ်လည်း စိတ်မကြည်တာမို့ အမူရာကရော အပြောဆိုရော အကောင်းတိုင်းပုံစံတော့ ဖြစ်မနေလောက်မှာ ကျိန်းသေသည်။

သူတို့ခေါ်တဲ့ မုန့်ဆိုင်လည်း မလိုက်နိုင်တာ မို့လို့ ငြင်းပြီးပဲ ထွက်လာခဲ့လိုက်တော့သည်။
Ohmလည်း မလိုက်သွားဖြစ်ပဲ
ကျွန်တော်နောက်က ပါလာခဲ့သည်။

လိုက်သွားပါလား
ဘာလို့ ပြန်လိုက်လာတာလဲ

လူက နေမကောင်းတာနဲ့ပါ ပေါင်းပြီး စိတ်တွေတို

"Nanon စောင့်ဦးလေ"

Ohmရှိက အသံလာပေမယ့် ကျွန်တော် ဘာစကားမှ ပြန်မပြောပါ။

"Nanon ဘာဖြစ်နေတာလဲ
စောင့်ရတာ အချိန်ကြာသွားလို့လား"

"...."

" club leaderက လေများနေလို့
  သူပြောပြီးတာနဲ့ အမြန်ထွက်လာတာ "

" အမြန်ထွက်လာပြီး ငါရှိရောက်မလာဖူးလေ
ငါ နေမကောင်းဘူး မင်းသိလား"

2.Love Written By Ghosts(Complete)Donde viven las historias. Descúbrelo ahora