Part-5(Unicode±Zawgyi)

869 70 18
                                    

Love Written by Ghosts 💚❤️
Unicode
Part-5

ကျွန်တော်တို့ အုပ်စု နှစ်စု
တက္ကသိုလ်ရဲ့ ရှေ့နားက လမ်းကြားထဲက
ဆိုင်တစ်ဆိုင်ထဲမှာ ဖြစ်သည်။

အစားအစာလည်း ရသလို
သောက်တာ ဘာညာလည်း ရသည်။

ဒါပေမယ့် ကျွန်တော်တို့အားလုံး
အတန်းချိန် တစ်ချိန်လစ်လာတာကြောင့်
အအေးနဲ့ စားချင်တဲ့ဟာ အချို့မှာထားပြီး
ထိုင်နေကြသည်။

ဂိမ်းဆော့နေတဲ့ နှစ်ယောက်ကတော့
ခုချိန်မှာ ဂိမ်းဆော့လို့ ပြီးသွားခဲ့ပါပြီ။

Korn က Wai ဘေးနားမှာ ထိုင်တယ်
Wai ရဲ့ဒီဘက်မှာ Chang ပြီးတော့ ကျွန်တော်

ကျွန်တော့်ဘေးမှာတော့ Ohm
Ohmရဲ့ဟိုဘက်မှာတော့ Jack
ကျွန်တော်တို့တွေ စားပွဲအဝိုင်း ပတ်ပတ်လည်မှာပေါ့

ဂိမ်းဆော့နေတဲ့ နှစ်ယောက်နဲ့ ကျွန်တော်က
နောက်မှ ဝင်လာတာဆိုတော့ နေရာ ဘေးချင်း ကပ်ကျတယ်။

"ကဲ ပြောလို့ရပြီ Wai
ဘောဒါ ဖြစ်လို့ရသွားတဲ့ အကြောင်းလေး "

တကယ်ဆို Waiက အစခံခဲ့ရတာ မလား
သူနေရာ မှာ ကျွန်တော်နဲ့ Ohmဆို တိုက်ပွဲရှည် ရန်ပွဲပဲ
!မတည့်ခဲ့တာမို့ သွားနှိုင်းမိပြန်ပြီ!

ပြီးတော့ Korn ပြန်ဖြေတုန်းက Waiကိုကြည့်ပြီးဆိုတော့ ...

"ဘာတွေလဲ"
ဂိမ်းဆော့နေပြီး ဘာမှမသိလိုက်တဲ့ နှစ်ယောက်ကတော့ ကြောင်တောင်တောင်နဲ့မေးလေသည်။

"မသိရင် နားထောင်"
Ohmက သူ့ မျက်နှာချင်းဆိုင်အရှေ့က နှစ်ယောက်ကို ကြည့်လိုက် ဘေးက ကျွန်တော်ကို ကြည့်လိုက်နဲ့

Waiက ပြောပြဖို့ စကားစလိုက်လေသည်။
" အေး ဒီလို .."

~Wai~
ကျွန်တော် မနက်ပိုင်းအတန်း မတက်ခဲ့တဲ့နေ့က
တကယ်တော့ အိပ်ယာ‌ထ နောက်ကျ၍
အတန်းနောက်ကျနေတာ ဖြစ်တယ်။

အမြန်သွားလည်း ပထမအတန်းချိန်ကတော့
မမှီတော့ဘူးဆိုတာ သိတယ်။
အဲ့တာကြောင့် အလျင်မလိုတော့ဘဲ
အိမ်ကနေ အေးဆေးထွက်လာခဲ့သည်။

ကျောင်းထဲ ဝင်ခါနီး မှာတော့
အနောက်ကနေ ကျွန်တော်ကို လူနှစ်ယောက် ဆွဲခေါ်သွားခဲ့တယ်။

2.Love Written By Ghosts(Complete)Tempat cerita menjadi hidup. Temukan sekarang