Love Written by Ghosts 💚❤️
Unicode
Part-14ဒီရက်ပိုင်းတွေ ကောင်းကောင်းအိပ်ပျော်နေတယ်။
အမေထည့်ပေးလိုက်တဲ့ပုတီးကို အဝတ်အိတ်ရဲ့
ဘေးအိတ်မှာ တွေ့ခဲ့တယ်။ Ohmက အဲ့ပုတီးကို
လက်မှာ ပတ်ပြီးအိပ်ကြည့်ပါလားဆိုတာနဲ့
ပတ်ပြီးအိပ်ကြည့်တာ
အဲ့နေ့ထဲက အိပ်မက်တွေ မမက်တော့ဘူး။အိပ်မက် မမက်တော့ဘူးဆိုပေမယ့်
အသံတွေကြားနေရတာကတော့ ညတိုင်းလိုလို ဖြစ်နေလေသည်။ဒီနေညကတော့ ကျွန်တော်တို့ အိမ်မှာ
ကျွန်တော်တို့ နှစ်ယောက်ထဲ မဟုတ်ပါ။
သူငယ်ချင်တွေပါဘရှိနေလေသည်။ကျွန်တော်တို့ မေဂျာကပြုလုပ်တဲ့ ခရီးစဉ်လေးတစ်ခုရှိတယ်။
အဲ့ ခရီးစဉ်က ၂ညအိပ် ၃ရက်ခရီး ဖူးခက် ကမ်းခြေကိုကျောင်းက စီစဉ်ပေးထားတာတော့ ခရီးသွား express
ကားတစ်စီးနဲ့ တစ်ချို့ ဆရာဆရာမတွေအတွက်
ကားအသေးတစ်စီး နှစ်စီးထွက်မှာဖြစ်သည်။နက်ဖြန် မနက် ၅ နာရီ စထွက်ကြမယ်။
ဒီခရီးစဉ်ကို ဦးဆောင်တဲ့ စီနီယာ အဖွဲ့က
ကျောင်းကို မနက် ၄ခွဲ အရောက်လို့ ပြောထားတာကြောင့်
သူငယ်ချင်းတွေအားလုံး ကျွန်တော်တို့နှစ်ယောက်အိမ်မှာ လာအိပ်ကြလေသည်။ဘယ်လိုအိပ်ကြမလဲ နှစ်ခန်းကို လူခွဲအိမ်ကြမလား စဉ်းစားပေမယ့်
ဒီအိမ်အကြောင်းအားလုံး သိပြီးသားဖြစ်တော့
အားလုံးရှိကနေ တူတူပဲ အိပ်ဖို့ အသံတူ ထွက်လာကြလေသည်။အဲ့တာကြောင့် Ohm အခန်းထဲမှာပဲ အားလုံး တန်းစီအိပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
O: ငါ Nanonဘေးမှာအိပ်မှာနော်"
K: အိပ်ပါ ငါတို့က မင်းတို့နှစ်ယောက်ကို
ခွဲအိပ်ရမယ်ပြောနေလို့လား
ဘေးချင်ကပ်တင်မကဘူး မင်းကိုယ်ပေါ်ပဲ တင်အိပ်အိပ် "J: မင်းလည်း Waiကို ကိုယ်ပေါ်တင်အိပ်လိုက်လေ"
O & N : Haahaa
Jack က အူကြောင်ကြောင်ဆိုလည်း သူပဲ
တစ်ချက်ချက် ထ ပြောပြီဟေ့ဆိုရင်လည်း ဘယ်သူမှ
ပြန်မချေပနိုင်ဘူး။
YOU ARE READING
2.Love Written By Ghosts(Complete)