Part-21(Unicode±Zawgyi)

825 77 17
                                    

Love Written by Ghosts 💚❤️
Unicode
Part-21

ကျွန်တော်တို့တွေ ကျောင်းနဲ့ အိမ် ၊ အိမ်နဲ့ကျောင်းအပြင်
ကျွန်တော်ကတော့ နောက်လတွေမှာ လာမယ့်
ကျောင်းဘောလုံး ပွဲတွေအတွက်တစ်ပါတ်ကို သုံးရက်
ဘောလုံး လေ့ကျင့်တာ လုပ်နေရသည်။

ဘောလုံးမှန်းထားပြီးထဲက Ohmကအမြဲ လိုက်စောင့်ပေးတာများသည်။ Crystalဆိုတဲ့ တစ်ယောက်ကတော့
အရှက်ကွဲသွားပြီးထဲက ကျောင်းကို မလာတော့တာ။
ဆရာတွေရှိကနေ ထွက်သွားပြီလို့လည်း သတင်းသဲ့သဲ့ကြားရတယ်။

အိမ်မှာကတော့ ဆိုးဆိုးရွားရွားမျိုး မရှိပေမယ့်
အရင်စစချင်းတုန်းကလိုမျိုးပဲ လမ်းလျှောက်တဲ့အသံတွေ ၊ Drumကို ဆော့တဲ့အသံတွေ ၊ ဟိုဘက်အခန်းကဆို
ထည့်ထားတဲ့ သေတ္တာကိုပဲ ဆွဲနေလားတော့မသိ
ပစ္စည်းတစ်ခုခုကို ဆွဲတဲ့အသံတွေမျိုး ကြားရတတ်သည်။
ဒါတွေက ရိုးနေသလိုတောင် ဖြစ်လာနေပါပြီ ။
သူတို့က သူတို့ဘာသာ လှုပ်ရှားနေကြတာ
ကျွန်တော်တို့ကသာ ကြောက်လို့ ခြောက်တယ်လို့
ထင်နေတာလား။ နောက်ဆုံးတော့
အဲ့လိုသာ အတွေးပေါ်လာတော့သည်။
ဘာဖြစ်ဖြစ် ခြောက်တာကတော့
အရင်လောက်ကြီး မဆိုးရွားတော့ဘူး။

လကုန်ရက်ရောက်လာတော့
အမေတို့ရှိက ဒီရက်ပိုင်းအတွင်း ဘန်ကောက်ကို
လာခဲ့မယ်လို့ ဆက်သွယ်လာခဲ့လေသည်။
အမေတို့ လာရင်တော့ ရွှေတုံး‌တွေ ကိစ္စလည်း
မကြာခင် ဖြေရှင်းပြီးတော့မည်။ ပြီးရင် ဘာတွေဆက်ဖြစ်မလဲ။
အဖေတို့အမေတို့က နေရာပြောင်းပေးဖို့တွေ လုပ်မလား မသိဘူး။

ကျွန်တော်တို့ နှစ်ယောက် သရဲ‌ကြောက်ကြတဲ့သူတွေဖြစ်ပေမယ့် ဒီမှာ ဘာလို့ ရအောင်နေနေကြလဲ ဆိုတာ
ကျွန်တော်နှစ်ယောက်သာလျှင် အသိဆုံးပါ ။
အစကတော့ ပိုက်ဆံတွေပေးထားတာကြောင့်ဆိုပေမယ့်
နောက်ပိုင်းကတော့ အဲ့လိုမဟုတ်ခဲ့ကြပါ။

"Nanon ဒီမှာ လာကြည့်ပါဦး
သော့က ပျက်သွားပြီလား မသိဘူး"
ကျောင်းသွားခါနီး သော့ခက်နေတဲ့
Ohmရှိမှ စကားသံထွက်ပေါ်လာခဲ့သည်။

" မနေ့ကမှ အကောင်းကြီးကို "
ကျွန်တော် ပြောလည်းပြော သော့ကိုလည်း ယူကြည့်လိုက်တယ်။

2.Love Written By Ghosts(Complete)Where stories live. Discover now