Love Written by Ghosts
Unicode
Part-6ကျွန်တော်နဲ့တိုက်မိပြီးလဲကျသွားတဲ့ တစ်ယောက်ကတော့
ကျွန်တော်တို့နဲ့အတူ လိုက်လာခဲ့ပြီး
သူမသည်လည်း ကျွန်တော်တို့မေဂျာက ဖြစ်နေလေသည်။ဘာလို့ ဒီနေ့မှ ကျောင်းလာတက်လဲတော့ မသိပါ။
ကျွန်တော် Ohmကို တကယ် စိတ်မကြည်နေပါ။
ကျွန်တော်က ကျွန်တော်မေးရင် ဖြေမှ သဘောကျတာ။
သိချင်စိတ်နဲ့ နေရတာမျိုးကို မုန်းတယ်။ဘာမဆိုင် ညာမဆိုင် ဘေးကနှစ်ယောက်နဲ့ပါ တစ်မနက်လုံး စကားမပြော တိတ်ဆိတ်စွာနေနေခဲ့သည်။
Canteenကိုလည်း ကျွန်တော် တစ်ယောက်ထဲ
အရင် ထွက်လာခဲ့သည်။
အရင်ထွက်လာပေမယ့် ဟိုကောင်တွေကိုတော့
ကျွန်တော် ထမင်းမစားသေးဘဲ စောင့်နေလိုက်သည်။ထိုင်နေကျ စားပွဲမှာ ထိုင်စောင့်နေရင်း
ကျွန်တော်ထိုင်နေတဲ့ ခုံကို
မနက်က ဝင်တိုက်မိတဲ့ ကောက်မလေး လာထိုင်တယ်။ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်ပေးတယ်။
သူက အရင်က နိုင်ငံခြားမှာနေထိုင်ပြီး personal အကြောင်းအရာကြောင့် ထိုင်းကို ပြန်ရောက်လာကာ
ဒီမှာ သူငယ်ချင်းမရှိဖူးလို့ ပြောလာတော့ကျွန်တော်လည်း အကူညီလိုရင် ပြောပါလို့တော့ ပြောလိုက်တယ်။
ကျွန်တော်တို့ မေဂျာက မိန်းခလေးနည်းတယ်
ကျွန်တော်တို့ အခန်းက ပိုဆိုးတယ်။
ရှိတဲ့ မိန်းကလေးတွေကြည့်ရတာလည်း သူ့အထားကြီးတွေနဲ့ သူကိုယ်တွေအုပ်စုကလည်း သိပ်အဖက်တော့မလုပ်ဖြစ်ပါဘူး
ကျွန်တော်တို့နဲ့က မနက်ထဲက ဆုံခဲ့ကြတာဖြစ်ပြီး
ခုလည်း လမ်းကြုံလို့ ဝင် သူငယ်ချင်းဖွဲ့တာ ထင်ပါတယ်။
ကျွန်တော့ အထင်ပေါ့။သူမနဲ့ စကားပြောနေရင်းနဲ့ပဲ ကျန်တဲ့သူတွေရောက်လာလို့
ကျွန်တော် ထ လာခဲ့လိုက်သည်။W: Nanon မင်းနဲ့စကားပြောနေတာ
မနက်က မင်းတို့နှစ်ယောက်နဲ့ပါလာတဲ့
တစ်ယောက်မလား"N: အေး ဟုတ်တယ်"
W:မင်းက အဲ့တစ်ယောက်နဲ့ တွေ့ဖို့ အစောကြီး ထွက်သွားတာလား"
YOU ARE READING
2.Love Written By Ghosts(Complete)