Part-15(Unicode±Zawgyi)

899 84 45
                                    

Love Written by Ghosts 💚❤️
Unicode
Part-15

ရေချိုးခန်းထဲက ထွက်လာတော့ Nanonကို မတွေ့ဘူး
အခန်းထဲ ပက်ရှာတော့လည်း မတွေ့ဘူး ။

"ညဘက်ကြီး ဘယ်သွားတာလဲ"

Korn တို့ အခန်းမှာများလားး

အဝတ်စားအမြန်ဝတ်ပြီး Korn တို့ အခန်းကို သွားကြည့်ခဲ့တယ်

"Korn .. Nanonဒီမှာလား"

K: ဒီကို မလာဘူး
ဘယ်သွားလဲ မပြောသွားဘူးလား"

O : အေး မပြောသွားလို့"

K: ဖုန်းဆက်ကြည့်လိုက်လေ "

O : ဖုန်းက ဒီမှာ"
Nanonဖုန်းကို မြှောက်ပြလိုက်တယ် ။

W : အရမ်း စိတ်မပူပါနဲ့
ဟိုနား ဒီနား ခဏ လမ်းလျှောက်တာနေမှာပါ"

O : အင်း ငါ ပြန်ပြီး သွားစောင့်နေလိုက်ဦးမယ်"

K : အေးအေး မျက်စိအောက်ကကို အပျောက်မခံ
တော်တော်ဖြစ်နေ"

အနောက်မှာ Kornကတော့ ပြောပြီး ကျန်ခဲ့လေသည်။

အခန်းဘက်ကို ပြန်လာရင်း ပင်လယ်ဘက်ကိုဆင်းတဲ့လမ်ကို
ကြည့်မိတာ လူနှစ်ယောက်စကား‌ပြောနေတာကို တွေ့လိုက်တယ်။
ညအမှောင်နဲ့လည်း ဖြစ်တယ် နည်းနည်းလည်း လှမ်းတော့
လူက မသဲကွဲဘူး။

Nanonများလား

သွားကြည့်ဖို့ လျှောက်လာခဲ့တယ်။
မဟုတ်ခဲ့ရင်လည်း တခြားနေရာ ရှာရုံပေါ့။

တဖြည်းဖြည်းနဲ့ အဲ့အနားရောက်တော့ အသံတွေ ကြားလာရတယ်
ကျွန်တော့်ကိုတော့ အဲ့စကားပြောနေတဲ့နှစ်ယောက်က မမြင်ရဘူး ထောင့်ချိုးကျနေတာမို့

" အဲ့လို လုပ်လို့ရတယ်မလား "
မိန်းကလေး အသံ
အဲ့အသံက သေချာပါတယ် Crystalရဲ့ အသံ

အနီးကပ် ဖြစ်လာပြီမို့ လူတွေ ဘယ်သူဆိုတာလည်း သိရပြီ

"Nanon"

ကျွန်တော်လှမ်းခေါ်လိုက်တော့
Crystalရုပ်က လန့်သွားပြီး
Nanonကတော့ စိတ်ရှုပ်ထွေးနေတဲ့ရုပ်

" ဘယ်တွေသွားနေတာလဲ ပျောက်သွားလို့ လိုက်ရှာနေတာ"

Crys : ဘာလဲ သူငယ်ချင်းပျောက်တာ စိုးရိမ်နေတယ်ပေါ့
ဒီလောက်ချစ်ကြတဲ့ သူငယ်ချင်းတွေ အားကျရပါတယ်"

2.Love Written By Ghosts(Complete)Onde histórias criam vida. Descubra agora