Love Written by Ghosts 💚❤️
Unicode
Part-2အိမ်ရှင်တွေကတော့ ကျတော်တို့နှစ်ယောက်ကို နာမည်တွေ မိတ်ဆက်ပေးတယ်။ပြီးတော့ နေရမယ် အိပ်ခန်းတွေ လိုက်ပြပြီး မြန်မြန်ဆန်ဆန်ပဲ ပြန်သွားကြလေတယ်။
ဟိုတစ်ယောက်နဲ့ တွေ့ချင်ပါတယ်ဆိုရင်တောင် တွေ့မှာမဟုတ်ဘူး
ခုတော့ တစ်အိမ်ထဲ လာတွေ့နေရပြီ။
သူကလည်း ကိုယ်လိုပဲ ကျောင်းလာတက်တာ။
ပြီးတော့ ကိုယ်တက်မယ့်ကျောင်းပဲ
အဲ့တော့ ဒီကပ်သီကပ်ဖဲ့နဲ့ ရှေလျှောက်နှစ်ပါးသွားရဦးမှာပေါ့။စရံအဆုံးခံပြီး စာချုပ်မချုပ်ရင်လည်း သူ့ကို ကြောက်လို့ ဖြစ်မည်။
ဒီရောက်လာပြီးမှ နေ့တွင်းချင်း ငှားဖို့ ထပ်ရှာလို့လည်း စာချုပ်ချုပ်ဖို့ပဲ လုပ်ဖြစ်ခဲ့တယ် ။အိမ်ရှင်တွေပြထားခဲ့တဲ့ ကျတော့်ရဲ့ အခန်းထဲသို့
ပစ္စည်းတွေ ထည့်ဖို့ စတင်ပြီး တစ်ခုပြီးတစ်ခုသယ်လိုက်တော့သည်။
ဟိုတစ်ယောက်လည်း သူ့ဘာသာ လှုပ်စိလှုပ်စိနဲ့ သယ်နေလေရဲ့။ဒီအိမ်က အပြင်ဘက် ဧည့်ခန်း အကျယ်ပြီးရင် အလယ်မှာ လူသွားလမ်းတစ်ခုရှိပြီး တစ်ဖက် တစ်ချက်မှာ အိပ်ခန်းနှစ်ခန်း ရှိလေတယ်။ အလယ်လူသွား လမ်း အဆုံးမှာတော့ မီးဖိုချောင် ရေချိုးခန်း၊ အိမ်သာရှိတယ်။
မီးဖိုချောင်နဲ့ လူသွားလမ်းအဆက်မှာ လှေကားလေးတစ်ခုရှိတယ် ။ ကျတော်ကြည့်ရင်းတွေ့ခဲ့တာလေးပေါ့။
ထပ်ခိုး ပစ္စည်းတွေဘာတွေ တင်ထားလို့ရစာလောက်ပဲရှိမယ် လူနေလို့တော့မရလောက်ဖူးထင်တယ်။
ခလေးအရွယ်ဆိုရင်တော့ မပြောတတ်ဖူး။
နောက်မှ သွားတက်ကြည့်ကြည့်ဦးမယ်။ခုတော့ အခန်းထဲ သယ်လာတဲ့ ကျတော့ရဲ့ Drum ကို အရင်ဆင်လိုက်သည်။ အချိန်တော်တော် ကြာကြာ တပ်ဆင်လို့ ပြီးတဲ့အခါမှာတော့ အစမ်းအနေနဲ့ တစ်ခေါက်လောက် တီးကြည့်လိုက်တယ်။
တီးလို့ အားရသွားတော့ ပစ္စည်းတွေနေရာချဖို့ စလုပ်လိုက်တယ်။
အဲ့ချိန်မှာ"ဒေါက်...ဒေါက်"
ဟိုတစ်ယောက် ဘာကိစ္စတံခါးလာခေါက်ရတာလဲ
ဆိုတဲ့အတွေးနဲ့ အတူ တံခါးထ ဖွင့်လိုက်တော့ ဘယ်သူမှရှိမနေပါ။
أنت تقرأ
2.Love Written By Ghosts(Complete)