Part-7(Unicode±Zawgyi)

988 83 24
                                    

Love Written by Ghosts 💚❤️
Unicode
Part-7

3am!

တစ်ကိုယ်လုံး ခဲနေသလိုပဲ။
လှဲနေတဲ့ နေရာက သက်တောင့်သက်သာရှိမနေ
ရာသီဥတုကလည်း အေးစိမ့်နေ‌တာကြောင့်
ရင်ဘက်ပေါ်မှာ ရှိနေတဲ့ စောင်ကို ဆွဲယူခြုံလိုက်သည်။
နွေးမယ်လို့ ခံစားမိတယ်ဘက်ကို တိုးကပ်လိုက်မိတယ်။

နွေးသလိုရှိလာပေမယ့်
ညကသောက်ခဲ့ကြတာကို သတိရပြီး
လေးလံနေတဲ့မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။

'အပြင်မှာငါ အိပ်ပျော်နေတာပဲ ကျန်တဲ့သူတွေရော မသိဘူး'

ခေါင်းတွေကိုင်နေတာ အရမ်းပဲ။
မှတ်ဉာဏ်တို့က ညက မမူခင်လောက်ထိပဲရနေတဲ့အခြေနေ။

ဒီတိုင်းပါပဲ ကျွန်တော်က မူးရင် မူးနေတဲ့အချိန်တွေကို အကုန်လုံး နီးနီး ပြန်မှတ်မိတာမျိုး မရှိဘူး။

အတူသောက်တဲ့သူတွေ ပြန်ပြောပြရင်တော့ ဖြည်းဖြည်းချင်းစီ ပေါ်လာတတ်တယ်။ အဲ့တာကြောင့် တော်ရုံ မသောက်ဖြစ်တာ များသည်။

ညက ကလေးလိုမျိုး ကိုယ်နာမည်ကိုယ်ခေါ်မိမှာတော့ ကျိန်းသေသည်။ တစ်ယောက်ယောက်ကိုရော နမ်းမိသေးလား။
ဒါတွေက ကျတော် အကျင့်တွေ။

ဒါနဲ့ ငါ အခု ခေါင်းအုံး အိပ်ထားတဲ့ လက်က ဘယ်သူ့ လက်လဲ
ကျွန်တော်ကျောပေးထားတဲ့ဘက်မှာ အိပ်နေတာ ဘယ်သူလဲလို့ ခန္ဓာကိုယ်အား လှည့်ကြည့်လိုက်တဲ့အခါမှာတော့
Ohm ...

Ohm ဆန့်ထားတဲ့ လက်မှာ ခေါင်းအုံးအိပ်နေသော မိမိအဖြစ်။
ကိုယ်တိုင်ပဲ ခေါင်းအုံးမိတာလား

သူပဲ တင်ပေးထားတာလား
မဖြစ်နိုင်တာတွေ တွေးနေတာပဲ Nanon
ပေါက်ကရ‌အတွေးတွေကို ရပ် အားလုံး လေမဖြတ်ခင် နှိုးမှ ဖြစ်လိမ့်မည်။

"Ohm...Ohm ..ထ"

" ဟင်.."

သူကို နှိုးပြီး ကျွန်တော် ထထိုင်လိုက်တော့
ကျန်‌တဲ့သူတွေလည်း ပိုလို့ပက်လက်တွေ

ကျန်တဲ့သူတွေကိုလည်း လိုက်နှိုး

"ဟေ့ ...Jack...Wai.. Korn..."

ဒီဘက်ကို ထပ်လာပြီး "Chang"

ထထိုင်တဲ့သူကတော့ ထထိုင်ပေမယ့် Chang မှာတော့
ယောင်လို့ကောင်းနေတယ် ။

2.Love Written By Ghosts(Complete)Donde viven las historias. Descúbrelo ahora